#Unicode
ကောင်းကင် စာသာလုပ်နေရတာ ပိစိလေးကို စိတ်မချ။ ခဏခဏ ခိုးကြည့်နေမိသည်။"ကောင်းကင် စာထဲစိတ်မပါဘူးလား။ ဘာလို့အကို့ကိုပဲ ကြည့်နေတာလဲ"သုတ ခပ်ဆတ်ဆတ်လေးမေးလိုက်တော့...
"ဒါဆို ပိစိလေးလဲ ကျွန်တော့်ကို ကြည့်နေတာမို့
ကျွန်တော်က ပိစိလေးကိုကြည့်တာ သတိထားမိတာပေါ့။ ဟုတ်လား?""အာ...ကောင်းကင်ကလည်း.."
"မရှက်ပါနဲ့ ဝန်ခံလိုက်ပါ"
"မဟုတ်ပါဘူးဆို။ တစ်ယောက်ယောက်က ကိုယ့်ကိုကြည့်နေပြီဆို အကို့စိတ်ထဲက အလိုလိုသိနေတာမို့ပါ။ ပြီးတော့ အခန်းထဲမှာ မင်းနဲ့အကို နှစ်ယောက်တည်းရှိနေတာလေ။ မင်းက မကြည့်ရင် ဘယ်သရဲက ကြည့်နေမှာလဲ ပြော"
"သရဲကြည့်တာလဲ ဖြစ်နိုင်တယ်နော်။ ဘာလို့ဆို ဆုံးသွားတဲ့ ကျွန်တော့်ဖွားဖွားက ကျွန်တော့်ကို အရမ်းချစ်တာ ။ကျွန်တော်ချစ်တဲ့ ပိစိလေးကို ဖွားဖွားကလည်း ချစ်လို့ ကြည့်နေတာနေမှာပေါ့"
ကောင်းကင် သုတကို စ ချင်လာသဖြင့် ပြောလိုက်မိသည် ။"အမ် ဒါဆို...ဒါဆို မင်းရဲ့ဖွားဖွားက ကြည့်နေတာပေါ့နော်"သုတ ပြာပြာသလဲပြောရင်းကောင်းကင်ရဲ့ဘေးကို ပြေးထိုင်လိုက်သည် ။
"ဟား...ဟား... ကြောက်တတ်လိုက်တာ ပိစိလေးရာ..."
"သရဲမမြင်ဖူးပေမယ့် ကြောက်တယ်ဟ"
"ကြောက်ရင် ဖက်ထားပေးမယ် ပိစိလေးကို"
ပြောပြာဆိုဆိုနဲ့ကောင်းကင် သုတအား ဖက်လိုက်လေသည် ။"ကောင်းကင်..လူလည်မကျနဲ့ ဖက်ထားတာလွှတ်ပေး"သုတ ရုန်းရင်းပြောလိုက်လေသည်။
"လွှတ်လိုက်ရင် ဖွားဖွားက ထပ်ကြည့်နေဦးမှာပေ့ါ"
"ဒါဆို ဖက်ထားပေး" သုတကြောက်နေသဖြင့် ဘာမှမတွေးနိုင်တော့...
ကောင်းကင် စိတ်ထဲ ကျေနပ်နေကာ တင်းတင်းလေးဖက်ထားလိုက်မိသည်။
ဘာလို့ဒီလောက်တောင် ရိုးအရတာလဲ ပိစိလေးရာ
ဟိုဘိုးတော်နဲ့ တန်ကိုမတန်ဘူး။ ဒီပုံစံအတိုင်းဆို
ကျွန်တော့်လောဘတွေ အတောသတ်နိုင်မယ် မထင်ဘူး ပိစိလေးရယ်...
YOU ARE READING
အခ်စ္ကိုသိခ်ိန္(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...