#Unicode
ကောင်းကင်နဲ့ တိုက်မိကာ လဲကျတော့မလိုဖြစ်သွားသော ဝေဟင်...ဝေဟင့် လက်ဖောင်းဖောင်းလေးအား အမိအရလှမ်းဆွဲလိုက်သော ကောင်းကင်...
နှစ်ယောက်စလုံးရဲ့ ရင်ထဲမှလည်း အမျိုးအမည်မသိသော ခံစားချက်တစ်ခုကို ပြိုင်တူခံစားလိုက်ရသည်...
"မိပြီ မင်းဘယ်ပြေးမလို့လဲ?
ဒီလိုကလေးကလား အလုပ်တွေလုပ်တာ မင်းကိုး"
ကောင်းကင် ဝေဟင့်လက်ကို လွှတ်မပေးပဲ ပြောလိုက်သည်။"သိရင်လည်း ပြီးတာပဲ"
ဝေဟင် စကားကို ခပ်ပြတ်ပြတ်လေး ပြောလိုက်တော့..."အောင်မာ
ခုချိန်ငါ့ခြေသလုံးကို ဖက်ပြီးတောင်းပန်ရင်တောင်
ခွှင့်လွှတ်ဖို့ မနည်းစဉ်းစားရမယ့် အခြေအနေကို။
မင်းကများ အထက်စီးဆန်ဆန် ငါ့ကိုပြောနေတယ်""အယ် အလာကြီးပါလား။ ခင်ဗျားကို စေတနာနဲ့ပေးတာလေ။ အဲ့ဒါကို ခင်ဗျားက ဘဝင်မြင့်တာလား?"
"မင်းကိုမှ ငါမသိတာ။ဒီလိုတွေ လုပ်နေရတဲ့ အကြောင်းပြချက်က ဘာလဲ?"
"တစ်နေ့ သိရမှာပေါ့။ခု ခင်ဗျားစာထဲကိုပဲ အာရုံစိုက်ထားပါ။ပဲနို့သောက်ဖို့ မမေ့နဲ့ စာမေးပွဲဖြေတဲ့ရက်တွေဆို လစ်ပို ပါ တိုက်မယ်"
ဝေဟင် ကောင်းကင်ရဲ့ ပုခုံးအား ပုတ်ကာ ပြောလိုက်သည်။"ကိုယ်မသိတဲ့လူတစ်ယောက်က ပေးတာကို စားရသောက်ရလောက်အောင် ငါက အရူးမို့လား?"
"ခင်ဗျားမရူးဘူး။ကျွန်တော်ရူးတာ.. ဒါပဲ သွားပြီ"
သူပြောချင်ရာတွေ ပြောပြီး လှုပ်တုတ် လှုပ်တုတ်နဲ့ ထွက်သွားသော ကောင်လေးအား ကောင်းကင်
ခေါင်းကုတ်ရင်း ငေးကြည့်နေကာ ကျန်ခဲ့လေသည်။"ဘယ်လိုကောင်လေးလဲ မသိဘူး။လူကို စိတ်ရှုပ်အောင်လုပ်တယ်"
ကောင်းကင် စိတ်ထဲမှ ပြောနေခြင်းသာ...ဒီနေ့ ကျောင်းပိတ်ရက်မို့ သုတ တိမ်ရောင်နဲ့ ချိန်းထားသည်။ချိန်းတယ်ဆိုလို့ အခြားနေရာတွေမထင်လိုက်နဲ့ တိမ်ရောင့်အိမ်မှာ ချိန်းထားခြင်း ဖြစ်သည်။
သုတ အိမ်ထဲဝင်လျှင်ဝင်ခြင်း ဧည့်ခန်းထဲမှာ စားစရာအပြည့်နှင့် ကာတွန်းကား ကြည့်နေသော အသားဖြူဖြူ ခပ်ပြည့်ပြည့်ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
YOU ARE READING
အခ်စ္ကိုသိခ်ိန္(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...