#Unicode
ကဗျာတို့ လူငယ်တွေချည်း ချောင်းသာသွားရန် လူကြီးတွေထံမှ ခက်ခက်ခဲခဲ ခွင့်တောင်းခဲ့ရသည်။ကဗျာရယ် ၊ ဟိုလောင်းကျော်နှစ်တွဲရယ် ငါးယောက်တည်း သွားကြခြင်းသာ...
လွတ်လွတ်လပ်လပ်သွားချင်၍ ဖေဖေ့ကားအား ခေတ္တငှားခဲ့သည်။
ကားမောင်းသူနေရာတွင် ကဗျာထိုင်လိုက်တော့ ဟိုလေးယောက်ရဲ့ မျက်နှာများမှာ သွေးမရှိတော့သလို ဖြူဖတ်ဖြူရော်ဖြစ်သွားကြသည်။
ထိုလေးယောက်အဲ့သလိုဖြစ်သည်မှာ မထူးဆန်း
ဟိုတစ်လောလေးကမှ ကဗျာ ယာဉ်မောင်းလိုင်စဉ်ရထားသောကြောင့်ပင်..."ဟက်...ဟိုလေးယောက် နင်တို့မျက်နှာတွေပြင်စမ်း...
ငါသိနေတယ်နော် ငါမောင်းမှာကို လန့်နေကြတယ်ဆိုတာ။ ငါမမောင်းလို့ဘယ်သူမောင်းမှာလဲ? နင်တို့က ကိုယ့်အတွဲနဲ့ကိုယ် ပလူးကြမှာများ...""မမက သွားဖူးလို့လား?"
"ပိန်းပါ့ ငါ့မောင်ကောင်းကင်ရယ်...
Google Map ရှိတယ် မပူနဲ့။ နင်တို့လေးယောက်သာ အေးအေးဆေးဆေး ပလူးပြီး လိုက်ခဲ့"ကားနောက်ခန်းတွင် ကောင်းကင်တို့လေးယောက် နေရာယူလိုက်ကြသည်။
ကောင်းကင်က မိမိဘေးမှ ဝေဟင့်အား ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။
သုတကလည်း တိမ်ရောင့်ပေါင်ပေါ်တက်ထိုင်လိုက်သည်။
"စောင်အတွဲတွေ ဒင်းတို့ ဒီလိုနေရဖို့ အနစ်နာခံပြီး
ကားမောင်ပေးတာကို ကျေးဇူးမတင် ဖင်လှန်ပြချင်သေးတယ်"
ကဗျာ နောက်ကြည့်မှန်ကနေ မြင်နေရတာမို့
ထိုအတွဲနှစ်တွဲအား စိတ်ထဲမှ ကျိန်ဆဲနေလိုက်သည်။ကဗျာတို့ကားလေးသည် တရွေ့ရွေ့နဲ့ ခရီးဆက်နေသည်။
ဝေဟင် တခေါခေါနဲ့ အိပ်မောကျနေသည်မှာ သွားရည်တွေတောင် ထွက်နေသည်။
ဝက်နဲ့မျောက် စပ်ကျထားသော ဝေဟင့်က အငြိမ်မနေ Positionမျိုးစုံပြောင်းကာ ထိုင်လေသည်။
ကောင်းကင်ရဲ့ ရင်ခွင်မှာ မျက်နှာအပ်ကာ အိပ်ပျော်သွားသည်မို့ ကောင်းကင်၏အင်္ကျီမှာ သွားရည်များ အကွက်လိုက်ဖြစ်နေသည်။
YOU ARE READING
အခ်စ္ကိုသိခ်ိန္(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...