Ep-23

13.9K 1K 46
                                    

#Unicode
"Gayစုတ်လေး ကျောင်းမလာတာ 3ရက်ရှိပြီ။
ဘာတွေများ ဖြစ်နေလို့ပါလိမ့်...
တိမ်ရောင်ရာ တွေးပြန်ပြီ ဒီကောင်လေးအကြောင်း.. မင်းနဲ့သူနဲ့မဆိုင်တော့ဘူးလေကွာ"
တိမ်ရောင် အရူးလို တစ်ယောက်တည်း စကားပြောနေမိသည်။

"ကဗျာ့ကို သွားမေးရင် ကောင်းမလား?
သွားမေးလည်း ကဗျာက ပြောပြမှာ မဟုတ်ဘူး။
ဟာကွာ မနေနိုင်တော့ဘူး။ သွားမေးတော့မယ်"
တိမ်ရောင့်ခြေလှမ်းများက ကဗျာထိုင်နေသောခုံသို့
ဦးတည်ကာ တစ်လှမ်းချင်းလှမ်းလာခဲ့လေသည်။

"ကဗျာ..."

"ဘာလဲ ဘာကိစ္စရှိလို့လဲ"
တိမ်ရောင်ခေါ်လိုက်တာကို မျက်နှာရှစ်ခေါက်ချိုး
ဘောက်ဆတ်ဆတ်အသံနဲ့ ပြန်ထူးလိုက်သောကဗျာ...

"ငါမေးစရာရှိလို့"

"သုတ အကြောင်းလား?မပြောပြဘူး"

"ဟာ..မလုပ်ပါနဲ့ကဗျာကလည်း ပြောပြပါ"

"နင်နဲ့သူက ဆိုင်သေးလို့လား?နင်ပဲ လမ်းခွဲစကား စ ပြောခဲ့တာလေ။ ခုမှ ဘာတွေသိချင်ပြန်ပြီလဲ?"

သူ့အဖေကြောင့် သူအိမ်မှာ အကျယ်ချုပ်ကျနေတယ်ဆိုတာ ငါဘယ်တော့မှ ပြောမှာမဟုတ်ဘူး...
အဲ သေစမ်း...
ဘာလို့လွှတ်ကနဲထွက်သွားရတာလဲ အဲ့အကြောင်းက။ ငါသေသာသေလိုက်ချင်တော့တယ်"ကဗျာ ကိုယ့်ခေါင်းကိုထုကာ ပွစိပွစိရေရွတ်နေတော့သည်

"ဘာ..သူ့အဖေကြောင့် အကျယ်ချုပ်ကျတယ် ဟုတ်လား?"

"အင်း..."ကဗျာ စိတ်မပါလက်မပါနဲ့ ပြန်ဖြေလိုက်သည်။

"ကျေးဇူးပဲ ကဗျာ။ နောက်မှ မုန့်ဝယ်ကျွေးမယ်
သွားပြီ..."

"ဘယ်လိုအကောင်လဲဟ? လမ်းခွဲစကားပြောတုန်းက ပြောပြီး တစ်ကယ်တမ်းကျ နေနိုင်တာလဲမဟုတ်ဘူး"
ကဗျာ တစ်ယောက်တည်းရေရွတ်ရင်းကျန်ခဲ့သည်။

သုတ အိမ်မှာ အကျယ်ချုပ်ကျတာနဲ့ တန်အောင် မုန့်တွေအများကြီးဝယ်ခိုင်း ပါဝါရိန်းဂျား၊ ကာတွန်း၊ ကိုရီးယားကားများ စုံနေအောင်ဝယ်ထားခိုင်းကာ တစ်ကားပြီးတစ်ကား ကြည့်ပစ်သည်။

ဖုန်းကိုင်ခွင့် သိမ်းတယ်ပေါ့လေ ရတယ်
တစ်နေကုန် ဇာတ်ကားတွေချည်း ကြည့်ပစ်မယ်။

အခ်စ္ကိုသိခ်ိန္(Completed)Where stories live. Discover now