Ep-27

13.9K 831 19
                                    

#Unicode
"ငါ့ကလေးသုတ ကောင်းကင်ဆီမပါရေးက
ဟောဒီက ကိုကိုတိမ်ရောင့်အရေးဖြစ်နေတော့
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကောင်းကင်က ဝေဟင်မင်းသန့်ကို ချစ်သွားမှပဲဖြစ်မယ်။
ဟုတ်တယ်... တိမ်ရောင် မင်းဆက်လုပ်"

တိမ်ရောင် ဝေဟင်မင်းသန့်ဆိုတဲ့ကောင်လေးကို
ကြည့်နေရင်း ကောင်းကင်ကို ဘယ်လိုဝင်လုံးခိုင်းရမလဲဆိုတာ တွေးတောနေသည်။

"ဟိတ်ကောင်လေး..မင်းဒီနေ့တော့ အားရပါးရနားထား။ မနက်ဖြန်က စပြီး မင်းရဲ့
Mission စ ပြီ"

"ဟုတ်ပြီ။ ကျေးဇူးပါခင်ဗျ"

တိမ်ရောင် အခန်းထဲရောက်မှ သုတဆီ ဖုန်းခေါ်လိုက်သည်။

တီ~~~တီ~~~

"Hello လဒကြီး"

"ဘာ လဒကြီးလဲ လွမ်းလို့ဖုန်းဆက်တာကို။ အမောမပြေအောင်ကွာ ကလေးကတော့"

"အမောမပြေရင် ရေလာတိုက်မယ်လေ"

"ရေလာတိုက်စရာ မလိုပါဘူး။
ကလေးက ကိုယ့်ကို
ကိုကို လို့ ခေါ်ရင် ဟောဒီက တိမ်ရောင်ကြီး အမောပြေပြီ။ သိလား ကလေးစုတ်လေး"

တိမ်ရောင် ဖက်လုံးကြီးကို အားရပါးရဖက်ထားကာ ပြောနေမိသည်။

"ဟာ...မခေါ်ရဲပါဘူူး ကြက်သီးထစရာကြီး"

သုတ ရှက်ရှက်နဲ့ Mickey Mouseအရုပ်ကြီးပေါ် တက်ထိုင်းရင်း ပြောနေသည်မှာ အရုပ်ကြီးတောင် ပြားနေပြီ။

"မခေါ်ဘူးလား။ ရတယ်လေ လူချင်းတွေ့မှ အသက်မရှူနိုင်အောင် နမ်းပစ်ဦးမယ်"

"အယ်...စိတ်လျှော့ပါ ကိုကိုရယ်။
ဖုန်းချတော့မယ် မနက်ဖြန်မှတွေ့မယ် ဒါပဲ"

"ဟော...ကလေးစုတ်လေး ချစ်တယ်လို့တောင် မပြောလိုက်ရဘူး ဖုန်းချသွားတယ်။
နေပါစေဦး တွေ့မှ အနမ်းတွေပေးပြီး ဆုံးမရမယ်"

At CU(တအုံ)

သုတ ကျောင်းပျက်ထားသည့်အတွက်ကြောင့်
စာများ ပြန်ကူးနေရသည်။
လက်ကို အနားမပေးဘဲ ဆက်တိုက်ကူးနေသည်မှာ
ဇနကမင်းသားရဲ့ အမြွှာလိုလို...

"ဟွန်း...ချစ်သူတဲ့ ဘယ်နေရာမှ အားမကိုးရဘူး။
စာလေးတောင် ကူပြီး ကူးမပေးဘူး။ အတန်းတက်တာကလဲ နောက်ကျလိုက်တာ"

အခ်စ္ကိုသိခ်ိန္(Completed)Where stories live. Discover now