#Unicode
ကဗျာမ ဒေါ်မေမွန်နဲ့အတူ သုပ်ထားသော လက်ဖက်သုပ်ကို သုတအခန်းထဲ လာပေးစဉ်
တစ်ယောက်နဲ့တစ်ယောက် တင်းကြပ်စွာ ဖက်ထားကြသော တိမ်ရောင်နဲ့သုတ..."အဟမ်း...အဟမ်း..."
ကဗျာမ ချောင်းဟန့်လိုက်မှ နှစ်ယောက်သား ရှက်ရှက်နဲ့ ဖက်ထားရာမှ ခွာလိုက်ကြသည်။"အောင်မလေးနော်။ ဖြစ်ပျက်နေလိုက်ကြတာ။
ပန်းခြံထဲရောက်နေတယ်များ မှတ်နေသလား""Heex ကဗျာကလည်း..သူက အတင်းကြီးလာဖက်တာကိုးလို့"
သုတ ရယ်ကျဲကျဲလေးပြောလိုက်တော့..."အဲ့ဒါတွေ အသာထား အသဲသုတလေး။
နင့်အဖေကို ငါတို့ ဘယ်လိုပြောကြမလဲ။ အကျယ်ချုပ်ဖျက်သိမ်းဖို့ ကိစ္စကို...""အဲ့ကိစ္စ ငါပြောမယ် ကဗျာ"
ဆရာမ ပုံစံပြင်ဆင်ထားသော တိမ်ရောင်က ပြောလိုက်သည်။"ဒါဆို ခု သွားပြောမယ်။ပိပိရိရိနေကြနော်
အလိမ်မပေါ်စေနဲ့"
ကဗျာမ ရှေ့က ဦးဆောင်ကာ ဦးမင်းဇော်ရှိရာ ဧည့်ခန်းထဲသို့ ထွက်လာခဲ့သည်။ဧည့်ခန်းထဲမှာ ရေတွေတစ်ခွက်ပြီး တစ်ခွက်သောက်ကာ မျက်နှာကြီးရှုံ့မဲ့နေသော
ကောင်းကင်နဲ့ ဘောလုံးအကြောင်းများကို အားရပါးရပြောနေသော ဦးမင်းဇော်ကို ကြည့်ပြီး
ကဗျာ နဲ့တိမ်ရောင် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်...ဦးမင်းဇော် ဆရာမကို မြင်တော့မှ ပြောလက်စ ဘောလုံးအကြောင်းကို ရပ်လိုက်တော့သည်။
"ဆရာမ ခန ထိုင်ပါဦး။ ကျွန်တော့်သား အကြောင်းဆွေးနွေးစရာရှိလို့ပါ"
"ဟုတ်ကဲ့ ပြောပါရှင့်"တိမ်ရောင် မိန်းမအသံပေါက်အောင် မနည်းထိန်းကာ ပြောနေရသည်။
"သမီးကဗျာနဲ့ သားကောင်းကင် သုတလေးအခန်းထဲကို ခနသွားနေပေးပါလား။
ဦးလေး ဆရာမနဲ့ နှစ်ယောက်တည်း စကားပြောချင်တယ်""ဟုတ်ကဲ့ ဦးလေး"
ကဗျာနဲ့ကောင်းကင် ဦးမင်းဇော်၏စေခိုင်းချက်အတိုင်း
သုတအခန်းကို သွားခဲ့လိုက်ကြတယ်။"ဆရာမ ကျွန်တော့်ရဲ့သားကို ကျောင်းပြောင်းချင်တယ်။အဲ့ဒါ ပြောင်းဖို့ လွယ်ကူသလား"
BẠN ĐANG ĐỌC
အခ်စ္ကိုသိခ်ိန္(Completed)
Lãng mạn#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...