#Unicode
"ငါမင်းကို စိတ်ကုန်နေပြီ ငါတို့လမ်းခွဲရအောင်""ဘယ်လို...လဒကြီး ခင်ဗျားဘာပြောလိုက်တာ?"
"လမ်းခွဲရအောင်လို့ ပြောနေတာလေ။
မင်း နားကန်းနေလား?""ပြောရက်လိုက်တာ လဒကြီးရာ...
အင်းပေါ့လေ ခင်ဗျားလိုချင်တာရသွားပြီပဲ။
ခင်ဗျား တစ်ခုတော့ မှတ်ထားပေးပါ။ ကျွန်တော်
ခင်ဗျားကို ချစ်လို့ ခန္ဓာကိုယ်ကို ပုံအပ်ခဲ့တယ်ဆိုတာ...
ပျော်ရွှင်ပါစေ အကို"သုတ ငိုမိမှာစိုးလို့ တိမ်ရောင့်ရှေ့မှ ပြေးထွက်လာခဲ့သည်။
သုတ စာသင်ခန်းထဲ မဝင်ပဲ စာကြည့်တိုက်ထဲသွားကာ အိပ်နေတော့သည်။
အိပ်စက်ခြင်းသည် မိမိမလိုချင်သော အမှတ်တရဆိုးမျာကို ခဏတာတော့ မေ့ပျောက်စေနိုင်သည်မလား...ိ
"ငါလိုချင်တာ ဒီလိုမျိုးအခြေအနေမှမဟုတ်တာကွာ။
ငါ ဘယ်လောက်ပဲ လမ်းခွဲဖို့ပြောပြော
ငါ့လက်ကိုဖမ်းဆွဲပြီး လမ်းမခွဲဖို့တောင်းဆိုပါတော့လား။
အခုတော့...အခုတော့..."
တိမ်ရောင် အပြစ်မရှိသော နံရံကြီးအား တစ်ချက်ပြီးတစ်ချက် ထိုးနေမိသည်။"တော်ပါတော့ တိမ်ရောင်ရယ်။ နင့်လက်မှာ သွေးတွေထွက်ကုန်ပြီ"
ဘယ်ကတည်းက ရောက်နေမှန်းမသိသော မေရတီမိုးသဲက တိမ်ရောင်လက်ကို ဆွဲရင်းပြောလိုက်သည်။"လွှတ်စမ်းပါ။ ငါ့ဘာသာ ငါ နေပါရစေ။ နင်ထွက်သွားပေး။ ခုချိန်မှာ ငါ့စိတ်တွေပုံမှန်မဟုတ်ဘူး။တစ်ခုခုလုပ်မိမှ ငါ့ကို အဆိုးမဆိုနဲ့" တိမ်ရောင် ဒေါသတကြီးပြောလိုက်တော့...
"အေးပါ နင့်ကိုယ်နင် အရမ်းကြီးထိခိုက်အောင်တော့ မလုပ်နဲ့။
ငါထွက်သွားပေးပါ့မယ်"ဟုဆိုကာ
မေရတီမိုးသဲ တိမ်ရောင့်အနားမှ ထွက်လာခဲ့လိုက်သည်။"အသဲသုတလေး ဘယ်တွေရောက်နေတာလဲ။ အတန်းလဲမတက်ဘူး စိတ်ပူလိုက်တာ..."ကဗျာတစ်ယောက်တည်း နှုတ်မှ ရေရွတ်နေခြင်းသာ...
အတန်းထဲသို့ မှိုင်မှိုင်တွေတွေနဲ့ အသက်မရှိသလို မျက်နှာနဲ့ဝင်လာသော သုတကိုမြင်မှ ကဗျာ စိတ်အေးရတော့သည်။
"အသဲသုတရယ် ဘယ်တွေသွားနေတာလဲ ငါစိတ်ပူလိုက်ရတာ"
"ငါ စာကြည့်တိုက်မှာ သွားအိပ်နေတာ"
YOU ARE READING
အခ်စ္ကိုသိခ်ိန္(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...