#Unicode
"ကလေး.. လျှောက်လည်ပြီးရင် ကိုကို့အိမ် ခဏလိုက်ခဲ့နော်"အဟွတ်~~အဟွတ်~~ သုတ သောက်နေသော ဖျော်ရည်တောင် သီးသွားသည်
ီဒီလူကြီး ဘာတွေဉာဏ်ဆင်နေပြန်ပြီလဲ...မဖြစ်ဘူး သုတ ။လိုက်သွားလို့ မဖြစ်ဘူးနော်...
သုတ မိမိကိုယ်မိမိ စိတ်ထဲမှ သတိပေးနေခြင်းသာ..
အပြင်လက်တွေ့မှာတော့...
"လဒကြီးရဲ့အိမ်ကို ဘာလုပ်ဖို့ခေါ်တာလဲ?"
"သြော် ကလေးကလဲ အမေးအမြန်းထူတာ ။
ဟိုရောက်ရင် သိလိမ့်မယ်..""မလိုက်လို့ မရဘူးလားဟင်"
"မရပါဘူး ။လိုက်ကိုလိုက်ရမယ်"
"အင်းပါ ။ဒါဆို အရမ်းကြီး မကြာစေနဲ့နော် ။
တော်ကြာနေ တီလေးစိတ်ပူနေမှာစိုးလို့""ဟုတ်ပြီ။ လာ ဆိုင်ကယ်ပေါ်တက်တော့ ကိုကို့ကလေးလေး..."
"အိမ်ရောက်ပြီကလေး ..
ဆင်းတော့ ။အဖေကတော့ ညမှပြန်လာတယ်။ လာ လိုက်ခဲ့ ကိုကို့အခန်းထဲ"ဟာ ခေါ်ပြန်ပြီ အခန်းထဲ။ဘာတွေလုပ်ဦးမလဲ မသိဘူး...
သုတ မငြင်းပဲ လိုက်လာခဲ့လိုက်တယ်
အခန်းထဲသို့ဝင်လှျှင်ဝင်ခြင်းမှာပဲ...
Wow...
ကြမ်းပြင်အနှံ့နေရာယူထားသော နှင်းဆီပန်းပွင့်ဖတ်များ...
သုတ အခန်းထဲ ခြေထောက်ချရမှာတောင် နှမြောမိသည်
"ကလေး ။ဝင်လေ ဘာကြောင်ကြည့်နေတာလဲ"
"အရမ်း အံ့သြသွားလို့ပါ.."
"အထဲမှာ ဒီ့ထက် အံ့သြစရာတွေရှိသေးတယ်"
လဒကြီးရဲ့ ကုတင်ပေါ်မှာ နေရာယူထားသော Mickey Mouseအရုပ်ကြီး...
သုတ ဟန်မဆောင်နိုင်ပဲ ကုတင်ပေါ်အပြေးတက်သွားလိုက်သည်
"လဒကြီး ဒါကျွန်တော့အတွက်လား?
အရုပ်ကြီးက အကြီးကြီးပဲ ကျွန်တော့်တစ်ရပ်စာလောက်ရှိတယ်ရော်..
ကျွန်တော် Mickey Mouse ကြိုက်တာ ဘယ်လိုသိလဲ?""ဟုတ်တယ် ကလေးအတွက် ကိုကိုဝယ်ထားတာ။ ပြီးတော့ ကိုကိုက မသိပဲနေမလား။ ကလေးရဲ့ ညအိပ်ဝတ်စုံ အိမ်နေရင်းဝတ်စုံတိုင်းမှာ Mickey Mouseပုံလေးတွေပါနေတယ်လေ Gayစုတ်လေးရဲ့.."
YOU ARE READING
အခ်စ္ကိုသိခ်ိန္(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...