#Unicode
ကဗျာမတို့ မိသားစုလိုက် ခရီးသွားကြသဖြင့် သုတ စာမသင်ရဘဲ ညဘက်တွေအားယားနေသည်။ သုတ စာလဲမလုပ်ချင် ။ တီလေးကလဲ Koreaကားနဲ့သာယာနေသည် ။
"ပျင်းစရာကောင်းလိုက်တာ..."သုတ ညည်းတွားရင်း တစ်ယောက်သောသူကို ဖုန်းခေါ်လိုက်သည် ။တီ~~~တီ~~~တီ~~~
"Hello my baby lay.."
အံမယ် Gayစုတ်လေးက ဖုန်းခေါ်တယ်ဟ ။
မဆက်စဖူး ဖုန်းဆယ်တယ်ဆိုတော့ကာ
ဟောဒီ တိမ်ရောင်ကြီးတော့ အိုရချည်သေးရဲ့.."ဟိုလေ..ကျွန်တော် အရမ်းပျင်းနေလို့ အဲ့ဒါ ကျွန်တော်တို့ရပ်ကွက်ထဲက ပန်းခြံကို လာခဲ့ပေးပါလား..."
"Ok ကိုယ်လာရင် မင်း ဘာလုပ်ပေးမှာလဲ?"
"ရေခဲမုန့်ဝယ်ကျွေးမယ်လေ.. လာမယ်မဟုတ်လား?"
"ရေခဲမုန့်တော့မစားချင်ဘူး ကိုယ် စားချင်တာ တစ်ခုရှိတယ် ။ ကိုယ် အဲ့ဒီကိုရောက်မှ တောင်းဆိုမယ်လေ Ok?"
"အင်းပါ...အရမ်းပျင်းနေလို့ပါဆို ခင်ဗျား မြန်မြန်လာပါတော့..."
"ကိုယ်လာပြီ Baby layရေ..."
"ဟွန်း..ငါ အရမ်းပျင်းနေလို့ အောက်ကြို့မိတာကို
အခွင့်အရေးကယူသေး.."
သုတပါးစပ်မှ ပွစိပွစိ ရေရွတ်ရင်း ညအိပ်ဝတ်စုံနဲ့ပဲ ရပ်ကွက်ပန်းခြံကို ထွက်လာခဲ့လိုက်သည် ။သုတ တိမ်ရောင့်ကို စောင့်ရင်း ဒန်းစီးနေလိုက်သည် ။
ခဏအကြာ...
ဒန်းကို အားပြင်းပြင်းနဲ့လွှဲလိုက်သည်ကို သုတ ခံစားလိုက်ရသည် ။
သုတ ကြောက်ကြောက်နဲ့ ဒန်းပေါ်မှ ဆင်းပြေးတော့..."ဟား...ဟား... 😂😂
ကြောက်တတ်လိုက်တာလဲ လွန်ပါရော
ဒန်းပေါ်ကကို ချက်ချင်းဆင်းပြေးတယ် ကျန်းးး"သုတ ရောက်ပြီး မကြာခင်မှာပင် တိမ်ရောင် ရောက်လာသည် ။ မြေကြီးကို ခြေဖျားလေးနဲ့ ထိပြီး အားယူကာ ဒန်းကို လွှဲနေသော ကျွန်တော်ချစ်ရပါသော Gayစုတ်လေးကို ကျွန်တော် စ ချင်လာတာနဲ့ နောက်ကနေ သူမသိအောင် ခြေသံဖွဖွလေးနင်းပြီး ဒန်းကို အားရပါးရ လွှဲပေးလိုက်သည် ။ ရုတ်တရက်မို့ထင်ပါရဲ့ သူကြောက်ပြီး ဒန်းပေါ်က ချက်ချင်းကို ဆင်းပြေးတယ် ။ ချစ်ဖို့ကောင်းလိုက်တာ Gayစုတ်လေးရာ...
YOU ARE READING
အခ်စ္ကိုသိခ်ိန္(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...