(Zawgyi)
သုတ ကောင်းကင်ကို စာသင်ပြီး ပြန်အလာ
သုတရဲ့လက်ကို လှမ်းဆွဲလိုက်သော လက်တစ်စုံ
သုတရဲ့ရင်ထဲ ဒိန်းကနဲ...
သုတ ထိုလူကို ရန်တွေ့ရန် လှည့်အကြည့်မှာတော့......
"ဟင် တိမ်ရောင်..."
"ဟုတ်တယ်..ငါ တိမ်ရောင်ပဲ..
နေ့လည်က မင်းလုပ်ခဲ့တာကို တာဝန်ယူခိုင်းဖို့ မင်းပြန်အလာကို စောင့်နေတာ...""လက်ကိုလွှတ်ပေး... တိမ်ရောင်"
"မလွှတ်ဘူး..ငါ့စာတွေ မင်းပြန်ကူးပေးရမယ်။ ကူးပေးမယ်ဆို လွှတ်ပေးမယ်"
"မတော်တဆဖြစ်တာပဲဟာကို..."
"ဘာ မတော်တဆလဲ? မင်း တမင်ရေတွေလောင်းချလိုက်မှန်း ငါသိတယ်"
"မဟုတ်ဘူးဆိုနေ မကူးပေးနိုင်ဘူးနော် ဒါပဲ"
သုတ လှည့်ထွက်ပြန်မယ်အလုပ် တိမ်ရောင် သုတအား ဆွဲဖက်လိုက်သည်
"တိမ်ရောင်... ဒါဘာလုပ်တာလဲ လွှတ်ပေး...
လွှတ်ပေးလို့ပြောနေတယ်လေ"သုတရဲ့ရင်ထဲ ကုလားဘုရားပွဲလှည့်လည်နေသလို
တဒုံးဒုံး တဒိုင်းဒိုင်းနဲ့ဖြစ်လို့နေသည်။ ဒါဘယ်လိုအခြေအနေကြီးလဲ? သုတ အရမ်းလဲရှက်မိပါသည် ။"စာကူးပေးမယ်ဆို လွှတ်ပေးမယ်"
"Ok... ကူးပေးမယ် လွှတ်တော့..."
တိမ်ရောင် ဖက်ထားရာမှ လွှတ်ပေးလိုက်သည်။
"အစောကြီးကတည်းက ဒီလိုလိမ္မာခဲ့သင့်တာ
ဘာလဲ တမင်အဖက်ခံချင်လို့ ဥာဏ်ဆင်တာလား?""စဉ်းစားလေ ဆုတောင်း ငိုးမကြီး"
"အားးးးးးးးးး နာလိုက်တာ Gayစုတ်လေး"
သုတပြောပြောဆိုဆိုနဲ့ တိမ်ရောင့်ရဲ့ခြေထောက်အား တက်နင်းပြီး ထွက်လာခဲ့သည် ။
"ဘယ်လိုကောင်လေးလဲကွာ..."
တိမ်ရောင့်ရဲ့ရင်ထဲတွင်လည်း အမျိုးအမည်မသိသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည် ။
သုတ ရင်ဘတ်ကလေးဖိပြီး အိမ်ထဲကို လေးကန်သောခြေလှမ်းများဖြင့် ဝင်လာမိသည်။
YOU ARE READING
အချစ်ကိုသိချိန်(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...