(Zawgyi)
Sundayဆိုတော့ ကောင်းကင် အိမ်မှာနေရတာ အရမ်းပျင်းလာ၍ မမဆီက အကိုသုတရဲ့အိမ်လိပ်စာကိုတောင်းပြီး ထွက်လာခဲ့တယ်။ အကို့အိမ်ရောက်တော့ အကိုက ရပ်ကွက်နားက ပန်းခြံကို ခဏသွားတယ်လို့ သူ့အဒေါ်ပြောပြခြင်းကြောင့် သိခဲ့ရတယ်။
ပန်းခြံထဲမှာမြင်လိုက်ရတာက အကိုရယ် ဘေးမှာ အကိုကြီးတစ်ယောက်ရယ် ဘာတွေလဲ?။ ဘာကြောင့် အဲ့အကိုကြီးက အကို့ဘေးမှာရှိနေရတာလဲ?။ ကျွန်တော့်ရင်ထဲတစ်မျိုးကြီးခံစားရတာပဲဗျာ ။
ဒါဟာ အကို့ပေါ်ကို ကျွန်တော် သဝန်တိုနေမိတာလား?။ သဝန်တိုတယ်ပြောရအောင်လဲ ကျွန်တော်တို့နှစ်ယောက်က ဆရာတပည့်ဆက်ဆံရေးအပြင်မပိုခဲ့ပါဘူး။
သေချာတာတစ်ခုကတော့ ကျွန်တော်က လွဲပြီး အကို့ဘေးမှာ ဘယ်သူမှ ရှိနေတာ မကြိုက်ပါ ။ကျွန်တော် အရင်ကလို ရန်ဖြစ် ဆိုးပေ မနေတော့ပဲ လိမ္မာနေတာ ဘယ်သူ့ကြောင့်လဲ?။ သန့်သုတဇော်ဆိုတဲ့ ကျွန်တော့်ပိစိလေးကြောင့်...။
ပိစိလေး... ဟုတ်တယ် အကိုက ကျွန်တော့်အတွက်တော့ ပိစိလေးပဲ ဆရာနဲ့တပည့်ဆိုတဲ့စည်းသာမရှိခဲ့ရင် ကျွန်တော် အဲ့လိုပဲခေါ်မိမှာ။ကျွန်တော့်ဆီGuideလုပ်ဖို့ လာတဲ့ညကတည်းက ကျွန်တော် အကို့ရဲ့ကလေးဆန်မှုတွေကို စ သတိထားမိခဲ့တာ။ သိတယ် ဆရာဆိုတဲ့ဂုဏ်ကြောင့် ထိန်းထားခဲ့တာကို ။
ကျွန်တော် စာလုပ်ရင်းနဲ့လဲ အကို့ကို ခိုးခိုးကြည့်မိတယ်။ သူ့အိမ်စာတွေ လုပ်နေပုံလေးကိုက ချစ်စရာလေး။ ပါးစပ်ကလဲ စာတွေကို ပွစိပွစိနဲ့
တိုးတိုးလေးရွတ်နေသေးတယ် ။
အကိုက စာကို အော်ကျက်တတ်တဲ့သူဖြစ်ရမယ်။ အော်ကျက်ချင်တာများ အော်ကျက်လိုက်ပေါ့။ အကို့ရဲ့အသံဆာဆာလေးကို ကြားချင်မိတာကို ။ကောင်းကင် စိတ်ပျက်ပျက်နဲ့ အိမ်ကိုပဲ ပြန်လာခဲ့လိုက်တယ်။ တက္ကသိုလ်ဝင်တန်းဖြေပြီးတာနဲ့ ဖွင့်ပြောမှကို
ဖြစ်တော့မယ်...ရေခဲမုန့်ကို အားရပါးရစားနေသောကောင်လေး...
ပါးစပ်မှာပွနေတာလဲ သိမဲ့ပုံမပေါ် ။ ဒီအစားသောင်းကျန်းတဲ့ကောင်လေးကလေ။
တိမ်ရောင် သုတ်ပေးမယ့် ဟန်ပြင်တော့...
YOU ARE READING
အချစ်ကိုသိချိန်(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...