#Unicode
သုတ ကောင်းကင် စာလုပ်နေတာကို ကြည့်နေရင်းမှ..
"ကောင်းကင် စာတွေရော လိုက်နိုင်လား?
အကိုက ကောင်းကင်အပေါ် တာဝန်မကျေသလိုခံစားရတယ်။ ဒီတစ်လော ပျက်ကွက်တာတွေအရမ်းများတော့လေ..."စာလုပ်နေရာမှ ခေါင်းလေးမော့ကာ ကြည့်လာသော ကောင်းကင်က..
"ဟုတ် ပိစိလေး အေးဆေးပါ။ ကောင်းကင်ထက်ပိုင်ဆိုတဲ့ ကျွန်တော်က စိတ်ဆုံးဖြတ်လိုက်ပြီဆို ဖြစ်အောင်လုပ်တတ်တဲ့သူမျိုးပါ။စာ လောက်ကတော့အေးဆေး""အင်းပါ...အကိုတောင်းပန်ပါတယ်နော်"
"ဘာအတွက်?"
"သြော်...အကိုက ကောင်းကင်ကို မရွေးချယ်ခဲ့လို့လေ"
"ရပါတယ် အကို။အကိုချစ်တဲ့သူကို အကိုကြိုက်သလိုရွေးချယ်ခွင့်ရှိပါတယ်။ ကျွန်တော်ခံစားရတာ မှန်ပေမယ့် တဖြည်းဖြည်း အကို့ကို မေ့သွားအောင် ကြိုးစားနေပါတယ်"
သုတ ကောင်းကင်အိမ်မှ စာသင်ပြီးပြန်အလာ သုတအား တစ်စုံတစ်ယောက်၏ရင်ခွင်ထဲ
ဆွဲသွင်းခြင်းကို ခံလိုက်ရသည်။သုတ လန့်မသွားပါ။သူ့အနံ့ သူ့အထိအတွေ့များကို အလွတ်ရနေခြင်းကြောင့်ဖြစ်သည်။
"ကိုကို လမ်းလယ်ခေါင်ကြီးမှာ ဘယ်လိုဖြစ်နေတာလဲ။လွှတ်ပေးဦး"
"ဟာ...ဒီက သူလန့်သွားအောင်လုပ်တာကို မလန့်ဘူးပဲ"
"လန့်စရာလား ကိုကိုနဲ့ပက်သက်ရင် အကုန်မှတ်မိနေတာကို"
"စကားတတ်လိုက်တာကွာ ဘယ်သူ့ကလေးလေးလဲ"
တိမ်ရောင် သုတအား အူယား၍ ပါးလေးကို ဆွဲဖဲ့ကာမေးလိုက်သည်။"ကိုကိုတိမ်ရောင်ရဲ့ ကလေးဆိုးလေးပါ"
သုတ တိမ်ရောင့် ရင်ဘတ်အား လက်ညှိုးလေးနဲ့ တို့ကာပြောလိုက်သည်။"ကလေးကို လွမ်းလို့ လာစောင့်နေတာ"
"အပိုတွေ.. ကျောင်းမှာလည်းတွေ့နေရတာကို"
"ယုံပါ ကလေးရာ။ ကလေးနဲ့ တစ်စက္ကန့်လေးတောင် မခွဲချင်တာ ကိုကို့အပြစ်လား?"
"ဟုတ်တယ် ကိုကို့အပြစ်။
ကလေးကို ချစ်တတ်အောင်သင်ပေးတာလဲ ကိုကို့အပြစ်။
ကလေးကို လွမ်းတတ်အောင်သင်ပေးတာလဲ
ကိုကို့အပြစ်။
ကလေးကို ကိုကိုမရှိရင် မနေတတ်အောင်လုပ်တာလဲ ကိုကို့အပြစ်။
မသိဘူးကွာ အားလုံးကိုကို့အပြစ်"
သုတ တိမ်ရောင့်ရင်ဘတ်ကို လက်သေးသေးလေးများဖြင့် ထုကာ ပြောနေသည်။
YOU ARE READING
အခ်စ္ကိုသိခ်ိန္(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...