Ep-18

15.1K 952 20
                                    

#Unicode
🎵🎼🎶(သုတရဲ့ Phoneမည်သံ)

"Hello လဒကြီး ဘာကိတ်?"

"လွမ်းလို့ ကိုကို့ကလေးကို"

"အပိုတွေ။ ညနေကမှ သူ့အိမ်က ပြန်လာတာကို ခု လွမ်းတယ်ဆိုတော့ကာ..ယုံမနေဘူး"

"ခု ဘယ်မှာလဲ ။ ကိုကို လာတွေ့မယ်"

"ခုက ကဗျာတို့အိမ်မှာ"

"ဘာသွားလုပ်တာလဲ? ခင်ဗျားလေးက"

"လက်ဆောင်တွေ သွားယူတာလေ"

"မြန်မြန်ထွက်လာခဲ့လိုက်တော့။ ကိုကို အဲ့ရပ်ကွက်ထဲ ရောက်နေပြီ"

"အယ် မြန်တာ ဘယ်လိုလုပ်ပြီး..."

"ခင်ဗျားလေး သွားစရာ အဲ့တစ်အိမ်ပဲရှိတယ်ဆိုတာ ကိုကိုတိမ်ရောင် သိပြီးသား"

"အာ့ဆို ပြီးတာပဲ ထွက်လာခဲ့တော့မယ်"

သုတ ဖုန်းချပြီး မိကဗျာကို မျက်နှာချိုသွေးလိုက်သည် ။

"ကဗျာမ ။ ငါ ပြန်တော့မယ်လေ ရောက်တာလဲ ကြာနေပြီဆိုတော့ကာ"

"ပြန်တော့ ။ စောင်RSတွေ မျက်စိကိုနောက်တယ်။ နိုင်ရော နိုင်ရဲ့လား အထုပ်တွေသယ်ဖို့"

"နိုင်လောက်ပါတယ်"

"ဘာ နိုင်လောက်ပါတယ်လဲ ကောင်းကင်ကို ထည့်ပေးလိုက်မယ်။ တိမ်ရောက်နဲ့တွေ့မှာမလား။ အဲ့ကျမှ ငါ့မောင်လေးကို ပြန်လွှတ်လိုက်"

"အမိန့်တော်မြတ်အတိုင်းပါဘုရား"သုတ လက်ကလေးနှစ်ဖက်မြှောက်ကာ
ပြောလိုက်တော့...

"မထော်မနမ်းတွေ မလုပ်စမ်းနဲ့။ မျက်စိနောက်တယ် ။
ပြန်တော့"

"ဒါဆို see you tomorrow"

"see you"

ကဗျာမ မခိုင်းခင်ကတည်းက သုတကို ပြန်ပို့ရန် မဲတင်းနေသော ကောင်းကင်က သုတလဲ ထွက်လာရော...

"ပေး ပေး ပိစိလေး။ ကျွန်တော် ကူသယ်ပေးမယ်"

သုတ အထုပ်အနည်းငယ်ကို ကောင်းကင်ကို ပေးလိုက်လေသည် ။

နှစ်ယောက်သား လမ်းလျှောက်နေစဉ်မှာပင် မိမိတို့ရှေ့ပိတ်ရပ်လာသော တိမ်ရောင်...

အခ်စ္ကိုသိခ်ိန္(Completed)Where stories live. Discover now