#Unicode
At CU(တအုံ)"လဒကြီး ခါတိုင်းလိုလဲ ငါ့ကို လာမကြိုဘူး
နေနိုင်လိုက်တာ..."
သုတ တစ်ယောက်တည်း အတန်းပေါ်တက်ခဲ့တယ်သုတအခန်းထဲ ဝင်လျှင်ဝင်ခြင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် အမောပင်ဆို့သွားသည်
လဒကြီးရဲ့ဘေးမှာ အစစ်မတစ်ယောက်...
တစ်ခန်းလုံးမှာ သူတို့နှစ်ယောက်တည်းရှိနေသည့်အတိုင်း ရယ်လိုက် တစ်ယောက်နဲ့တစ်ယောက် ရိုက်ပုတ်လိုက်နဲ့ ရှေ့ကချထားတဲ့စာအုပ်တွေက သူတို့နှစ်ယောက်နဲ့ လားလားမျှမသက်ဆိုင်သလို...သုတ သေချာစူးစိုက်ကြည့်လိုက်တော့ လဒကြီးရဲ့ဘေးမှာရှိနေတဲ့ အစစ်မက မိမိတို့အခန်းထဲက "မေရတီမိုးသဲ"ဆိုသော ကောင်မလေးဖြစ်နေသည်
သုတမမြင်ချင်ယောင်ဆောင်ပြီးသာ မိမိခုံမှာ ဝင်ထိုင်လိုက်တော့သည်
"အသဲသုတ မျက်နှာမကောင်းပါလား
ငါ့အထင် အနောက်တန်းကနှစ်ယောက်ကြောင့်မလား?""ဟုတ်တယ်...ကဗျာရယ်"
"ငါလဲ အတန်းထဲဝင်လာကတည်းက မျက်မုန်းကျိုးနေတာ အဲ့အစစ်မက ဇွတ်ကပ်နေတာ
ကောင်းကျိုးမပေးတဲ့အစစ်မတွေပါအေ""အစစ်မတွေ အကုန်သေ"သုတ စူပုတ်ပုတ်နဲ့ပြောလိုက်တော့...
"အေး... သေအေ...
အဲ မှားလို့ အဲ့ဒါဆို ငါပါသေမှာပေါ့""ဟုတ်သား... အဲ့ဒါဆို Fujoushiမဟုတ်တဲ့ အစစ်မတွေ အကုန်သေအေ"
(လိုက်လဲလိုက်တဲ့ သူငယ်ချင်းနှစ်ယောက်)နေ့လည်ထမင်းစားချိန်ရောက်တာတောင် သုတဆီမလာသော တိမ်ရောင်...
သုတ ထမင်းတောင် မစားနိုင်..
လဒကြီးကို အတန်းအပြင်ဆွဲခေါ်လာခဲ့သည်"လဒကြီး ခင်ဗျား ဘာဖြစ်နေတာလဲ?
ခင်ဗျား အရင်လိုမဟုတ်တော့ဘူး""ကိုယ် နေတတ်သလိုနေတာလေ
အရင်တုန်းကလဲ ဒီအတိုင်းပဲဟာကို ။
ခုမှ ဘာတွေလာပြီး တာဆူနေတာလဲ မင်းက..."တိမ်ရောင် စိတ်မရှည်စွာ ပြောလိုက်တော့..."မနေ့ညက ကိစ္စကြောင့်လား?"
"ကိုယ်စိတ်မဝင်စားဘူး အဲ့ကိစ္စကို"
YOU ARE READING
အခ်စ္ကိုသိခ်ိန္(Completed)
Romance#Unicode ကောင်းကင်ထက်ပိုင် -ကျွန်တော့်ထက် အသက်ကြီးလဲ ကျွန်တော် အကိုလို့မခေါ် နိုင်ဘူး ကျွန်တော် အကို့ကိုချစ်တာ ချစ်သူတစ်ယောက်လို ချစ်တာမို့ ပိစိလေးလို့ပဲခေါ်မှာပဲကွာ သင်းကဗျာထက် -ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲ အဖိတ်ခံမယ် ဘာမှ အထွန့်မတက်နဲ့ ငါ့မောင်လေး...