Three

5.5K 601 23
                                    

တိတ်ဆိတ်ခြင်းဖြင့် လှပသော ညခင်းသည် ပတ်ဝန်းကျင်တောအုပ်ဆီမှ စိုးစိုးစီစီ မြည်တွန်နေသော အင်းဆက်အသံတို့ဖြင့် တန်ဆာဆင်သည်။

ခြောက်ကပ်သော ရဲတိုက်အလယ်တွင် မှန်ပြတင်းမှ ထိုးဖောက်ဝင်ရောက်လာသော လရောင်သည် hae နှလုံးသားဖြစ်တည်ရာ ရင်အတွင်း၌ အစိုးရခြင်းကင်းမဲ့စွာ မြည်ဟည်းသော ရင်ခုန်သံတို့ဖြင့် တောက်ပစွာ အသက်ဝင်သည်...။

~~~

ဘဝနှင့်ရင်း၍ မုန်းရသူသည် hae ပခုံးထက်၌ လဲကျလျက်ရှိသည်...

မျှော်လင့်ခဲ့ရသော ဆန္ဒများသည် haeရှေ့တွင် လွယ်ကူစွာ ပြည့်ဝရန် အခွင့်အရေးတို့ အသင့်စောင့်ဆိုင်းနေသည့်အပြင်..ရင်ဝသို့ ထပ်မံထိုးချမည့် ဓားသည် လက်ထဲရှိနေပါလျက် hae ငြိမ်သက်စွာ သူ့ခန္ဓာကိုယ်အား ထွေးပွေ့ရင်း ကြောင်အနေမိသည်။

Jeon Jungkook ၏ နာကျင်မှုသည် သူမ၏ အောင်မြင်မှုဖြစ်ကြောင်း ကြွေးကြော်ထားသမျှသည် အခု အဘယ့်ကြောင့် haeစိတ်အတွင်း၌ ပျော်ရွှင်မှုတစ်စုံတစ်ရာကို မခံစားရပါသနည်း...။

တကယ်ဆို ထိုနေရာ၌ပင် ပစ်ချပြီး ထယ့်ဆီပြန်ခဲ့ရမှာ....

Hae ကိုယ်တိုင် သတိထားမိချိန်တွင်မူ အနီးဆုံးအခန်းတွင်းရှိ အိပ်ယာထက်၌ ထိုလူ့အား အသာအယာ နေရာချပေးပြီးဖြစ်သည်။ ဘယ်ဘက် ရင်အုံထက်၌ စိုက်ဝင်နေသော ငွေဓားငယ်အား ဆွဲနှုတ်လိုက်သောအခါ နာကျင်မှုနှင့်အတူ လှုပ်ရှားသွားသော သူ့နှုတ်ခမ်းပါး ကြောင့် hae စိတ်သက်သာမိသည်။

ဒါဆို သူအသက်ရှင်နိုင်သေးသည်ပေါ့....

သူအသက်ရှင်နိုင်သေးသည်ဆိုသော အတွေးသည် haeနှုတ်ခမ်းထက်၌ မျှော်လင့်ခြင်းအပြုံးကို ဖြစ်ပေါ်စေသည်။

ခနလေး....ခနလေးနေပါအုန်း....hae သူ့ကို အသက်ရှင်စေချင်ပါသလား?? ဒီလောက် မုန်းရတဲ့သူကိုလေ..???

Hae လက်သီးကို ကျစ်ကျစ်ဆုပ်၍ ထိုနေရာမှ ထထွက်ခဲ့သည်။

သတိထားစမ်း မိhae!!! Oppa ရဲ့ အဆိုးဝါးဆုံး သေဆုံးခြင်းက နင့်ရဲ့ ဘာမဟုတ်တဲ့ စိတ်လှုပ်ရှားမှုတခုနဲ့ မတန်ဘူး!!!!!

Under The Moonlit Nights [Completed]Where stories live. Discover now