လက်ဖျားမှာ အသာအယာဝှေ့နေတဲ့ ဖန်ခွက်ထဲက သွေးတချို့ထက် သူမ နှုတ်ခမ်းလေးတွေက ပိုချိုမြိန်တယ်။
တကယ်လို့ သူမသာ ဆောင့်တွန်းပြီး ထွက်မပြေးသွားခဲ့ဖူးဆိုရင် အဲ့အနမ်းတွေကို ကိုယ့်ဘက်က ရပ်တန့်ဖို့ လွယ်မှာမဟုတ်။ တကယ်ဆို အော်ဟစ်ငိုယိုနေတဲ့ သူမ မျက်ရည်တွေကို မမြင်ချင်တဲ့ အတွေးတစ်ခုက ဘာကိစ္စ သူမနှုတ်ခမ်းပါးဆီ ဦးတည်သွားမိမှန်း ကိုယ်တိုင်လည်း နားမလည်ပေ။
သူမ ကျနော့်ကို အရင်ကထက် မုန်းသွားမှာလား?
ဟင့်အင်း။ မက်မွန်သီးလို ရဲတက်သွားတဲ့ သူမ ပါးနှစ်ဖက်က ဒေါသကြောင့်မဟုတ်မှန်းတော့ ကျနော် သိလိုက်ပါတယ်။ ဆူညံပွက်လောရိုက်နေတဲ့ ကျနော့်ရင်ဘတ်ကြီးတင်မကပါဘူး သူမဆီက ခပ်မြန်မြန် နှလုံးခုန်သံလေးကို ကြားလိုက်ရတာပဲဟာ။ အဟင်းး...။
ဆယ်စုနှစ်တွေတိုင်အောင် ခက်ထန်နေကျ သူ့မျက်နှာကြီးက သူမဟုတ်သလို ပြုံးနေမိပြန်သည်။ အတွေးတွေနဲ့ စပ်ဖြီးဖြီးလုပ်ရင်း ဖန်ခွက်လေးတစ်ခွက်ကို ပြီးအောင်မသောက်နိုင်ပဲ တခါတခါ သူ ထပြုံးနေတာ ၊ သူ့ဆီကို အမြန်ဆုံး ခြေလှမ်းတွေနဲ့ ရောက်လာတဲ့ vamလေးကို မြင်မှ သူရုပ်ကို တည်ပစ်လိုက်ရသည်။
ဘာလဲ ဟူသော မျက်လုံးများဖြင့် သူမေးဆတ်ပြတော့ ကောင်လေးက ပြောရခက်နေပုံရသဖြင့် သူစိတ်မရှည်စွာ ဖန်ခွက်ကို အကုန်မော့လိုက်ပြီး စားပွဲပေါ် ဆောင့်တင်လိုက်သည်။
"ဟို..သခင်လေး။ အခု သခင်လေး Yoongi ကိုယ်တိုင်လာမှာမို့ ကောင်မလေးကို လုံခြုံတဲ့နေရာမှာ စောင့်ရှောက်ဖို့ သခင်လေးjimin က အရင်ပြောခိုင်းလို့ပါ"
"ဘာ! yoongi hyungက ဒီကို?"
သူ မျက်ခုံးတို့ ပင့်မြှောက်သွားမိသည်။ မျိုးနွယ်ရဲ့ဆက်ခံသူ အကြီးဆုံး တော်ဝင်မင်းသားဆိုသော ရာထူးကို သူကြောက်ခြင်းမဟုတ်။ လူသားများကို သေမတတ်မုန်းပါသော သူ့hyung ကို jungkook စိုးရိမ်မိခြင်းဖြစ်သည်။ အထူးသဖြင့် သူ့ညီမအရင်း မင်ဂါအူး ကို သတ်သွားသော လူသားမျိုးရိုး haeလေးကိုသာဆိုရင်...။
Jungkook ခြေလှမ်းများကို အပေါ်ထပ်ဆီသို့ ဦးတည်လိုက်သည်။
YOU ARE READING
Under The Moonlit Nights [Completed]
FantasyJungkook × oc Romaniaနိုင်ငံ Transylvaniaမြို့ ရဲ့ အငွေ့အသက်တွေနဲ့အတူ ၁၈ ရာစုလောက်ကို ပြန်သွားကြည့်ရအောင်....၊ Van Helsing ဆိုတဲ့ vampire ရုပ်ရှင်ကြည့်ဖူးတယ်ဆိုရင် မျက်လုံးထဲမှာ ပုံဖော်လို့အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.....❤ ဤ fictionထဲမှ အကြောင်း...