Ten

6K 584 40
                                    

သစ်​ရွက်​စိမ်း​ရွေ့​ရွေ့အနံ့တို့ နှာ​ခေါင်းဝဆီ စူးကနဲ​ရောက်​လာသည်​နှင့်​အတူ Hae မျက်​လုံးများကိုပါ အားယူပြီး ဖွင့်​လိုက်​သည်​။

အပ်​ကျသံ​တောင်​မကြားရသည့်​ အခန်းအတွင်း၌ ဝါကြင့်​ကြင့်​ မီး​ရောင်​​လေး​​ကြောင့်​ မျက်​နှာကျက်​ အုတ်​နံရံကြီးကို​တောင်​ ပီပီသသ မမြင်​ရ​ပေ ၊ ​ဘေးဘီကို ​​စောင်းငဲ့ကြည့်​​တော့လည်း ပိတ်​ထား​သော တံခါးမကြီးနှင့်​အတူ အခန်းထဲ၌ သူမ တစ်​​ယောက်​ထဲသာ ​ခြောက်ကပ်​ကပ်​ ရှိ​နေသည်​​။

ထထိုင်​ရန်​ ကြိုးစားလိုက်​​တော့ တကိုယ်​လုံးနာကျင်​သွားကာ အိပ်​ယာ​ပေါ်ပဲ ပြန်​လဲကျသည်​။

နေပါအုန်း...မှတ်​ဥာဏ်​တစ်​ချို့ကို အလုပ်​​ပေးလိုက်​​တော့ မ​နေ့ညက အဖြစ်​ပျက်​များသည်​ ​ခေါင်းထဲသို့ အစီအရီ တိုးဝင်​လာသည်​။

ဒဏ်​ရာများကို ကြည့်​လိုက်​​တော့ ပတ်​တီးအ​ဖွေးသားနှင့်​ ​သေသပ်​စွာ စည်း​နှောင်​ပြီးသားဖြစ်​​နေသည်​...သတိထားကြည့်​မှ သစ်​ရွက်​စိမ်းအနံ့သည်​ ပတ်​တီးစည်းထား​သော ဒဏ်​ရာ​တွေဆီမှ ရ​နေခြင်းပင်​။

ဒါဆို သူ ကျမကို ပြုစု​ပေးထားတာ​ပေါ့..

ကိုယ်​တိုင်​​တောင်​မသိလိုက်​​သော အပြုံးတို့နှင့်​အတူ အားယူကာ ကုတင်​နံရံကို မှီထိုင်​လိုက်​​တော့ ဝမ်းဗိုက်​ဆီမှ စူး​အောင့်​မှုက ​တော်​ရုံမဟုတ်​... "အ" ဟုပင်​ ညည်းမိသည်​အထိ။

အို...ဗိုက်​ကိုပါ သူ ကိုယ်​တိုင်​ ​ဆေးလိမ်း ပတ်​တီးစည်း​ပေးထားတာများလား????😳

အ​တွေးတို့်​နှင့်​အတူ မျက်​နှာတခုလုံး ပူထူလာသဖြင့်​ လက်​နှဖက်​ဖြင့်​ ကိုယ့်​မျက်​နှာကိုယ်​ အုပ်​ပစ်​လိုက်​ရသည်​။

"​​ခေါင်းမူး​နေ​သေးလို့လား?"

တံခါးမကြီးကို ​သေချာ အသံမထွက်​​အောင်​ဖွင့်​ဝင်​လာသည်​ထင်​ ကုတင်​နား​ လူ​ရောက်​လာတာကို hae လုံးဝ မသိလိုက်​​ပေ ၊

အ​ငွေ့တလူလူနှင့်​ ​အသားနံ့သင်း​နေ​သော စွပ်​ပြုတ်​ပန်းကန်​နှင့်​အတူ နူးညံ့​နွေး​ထွေး​သော အပြုံးများသည်​ hae ​မော့ကြည့်​လိုက်​မှ ပိုပြီး ချိုသာ သွားသလိုပင်​။

Under The Moonlit Nights [Completed]Where stories live. Discover now