မိုးတွေရွာနေပြန်ပါပြီ။
တတောက်တောက် ကျနေတဲ့ မိုးစက်မိုးပေါက်အသံတွေကလွဲရင် ဒီရဲတိုက်ကြီးက အမြဲလိုလို တိတ်ဆိတ်နေဆဲ။
အပေါ်ဆုံးထပ်ကနေ ကြည့်လိုက်ရင် လေးဘက်လေးလံက လိုတာထက်ပို စိမ်းလန်းနေတဲ့ တောအုပ်တွေ၊ တစ်ရက်ခြားလောက် ရွာနေတတ်တဲ့ မိုးကြောင့်လဲ ပါမည်။
နေ့ခင်းဖြစ်စေ ညဘက်ဖြစ်စေ အမြဲတမ်း မီးအိမ်တွေ ထွန်းထားရအောင် မှောင်မိုက်နေတဲ့ ရဲတိုက်ကြီး၊ ပတ်ပတ်လည်ကလဲ အန္တရယ်များလွန်းတဲ့ တောတွေမို့ သာမန်လူတစ်ယောက်ဆို ဘယ်လိုမှ နေပျော်မှာမဟုတ်။
ဒါဆို သူမရော ပျော်လို့လား?
ဟင့်အင်း၊ မပျော်ဘူး....နာကျင်စရာတွေ တပွေ့တပိုက်နဲ့ အထီးကျန်တယ်။
လွမ်းတယ် အိမ်ကိုလွမ်းတယ်...ထယ်ယောင်းကိုလွမ်းတယ်။
Joon oppa နဲ့ Jin oppa ကိုလွမ်းတယ်။
သူမရဲ့ နာဘီမြို့လေးကိုလွမ်းတယ်။
ပြီးတော့.......
မနက်ကတည်းက သူမကို ရဲတိုက်ကတစ်ဖဝါးမှမခွာဖို့ အမိန့်ပေးပြီး ဘယ်ထွက်သွားမှန်းမသိတဲ့
jungkook ဆိုတဲ့လူကြီးကို ပိုလွမ်းတယ်.....။
~~~~~
တံစက်မြိတ်ဆီက အတန်းလိုက်ကျနေတဲ့ မိုးရေတွေကို လက်နဲ့ခံပြီး ဆော့နေရတော့ စိတ်ညစ်စရာတွေက မေ့မေ့ပျောက်ပျောက်ပင်။
ဂျုံးဂုကိုယ်တိုင်ခြုံပေးသွားတဲ့ သူမ ကိုယ်ပေါ်က ခပ်ကြီးကြီး အနက်ရောင်ဝတ်ရုံကြီးထဲမှာ လူလေးက သေးလွန်းလို့ အဝေးကကြည့်ရင် နီကြောင်ကြောင်ဆံပင်တွေကပဲ ထင်းနေမှာသေချာသည်။
အရင်ကလို မခက်ထန်တော့ဘဲ နူးညံလာတဲ့ သူ့အပြုအမူတွေကြောင့် ကျွန်တစ်ယောက်ဆိုတာကိုပင် hae မေ့နေမိသလို၊ တကယ်လဲ ကျွန်တစ်ယောက်လို အနှိမ်ခံနေရသည်လည်းမဟုတ်၊ ရောက်ကတည်းက hae နေချင်သလိုနေခဲ့တာ ဖြစ်သည်။

KAMU SEDANG MEMBACA
Under The Moonlit Nights [Completed]
FantasiJungkook × oc Romaniaနိုင်ငံ Transylvaniaမြို့ ရဲ့ အငွေ့အသက်တွေနဲ့အတူ ၁၈ ရာစုလောက်ကို ပြန်သွားကြည့်ရအောင်....၊ Van Helsing ဆိုတဲ့ vampire ရုပ်ရှင်ကြည့်ဖူးတယ်ဆိုရင် မျက်လုံးထဲမှာ ပုံဖော်လို့အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.....❤ ဤ fictionထဲမှ အကြောင်း...