အရင်းနှီးဆုံးကိုယ်သင်းနံ့လေးနဲ့အတူ အေးစက်စက်အငွေ့အသက်တချို့က haeခန္ဓာကိုယ်လေးကို ရစ်သိုင်းထားသည်။
တစ်ကိုယ်လုံး မလှုပ်ချင်လောက်အောင် လေးလံနေသည့်ကြားမှ နှိုးထချင်နေတဲ့အသိစိတ်တို့ကြောင့် မျက်ခွံများကို အားယူပြီးဖွင့်လိုက်တော့...
Hae မျက်နှာရှေ့မှ နံရံသည် မာကြောနေသော အုတ်နံရံတခုမဟုတ်ပါပဲ နိမ့်ချည်မြင့်ချည် စည်းချက်မှန်နေသော ရင်ခွင်ကျယ်တစ်ခု။
*အခု ဒီရင်ခွင်ကြီးဟာ သူမဟုတ်ဘူးလို့ ပြောကြပါ*
ဖွင့်ခါစမျက်လုံးက ကြည်လင်မှုမရှိသေးပဲ မှုန်ဝါးနေတာကြောင့် hae မျက်လုံးတွေပြန်မှိတ်ပြီးမှ သေချာစူးစိုက်ကြည့်လိုက်သည်
" ! ! ! "
မဟုတ်ဘူးနော် သူနဲ့ကျမ ဖက်အိပ်နေတာမဟုတ်ဘူးနော် မဟုတ်ဘူး... အာညိ နေအုန်း...ခါးပေါ်မှာ...😖
အားးးသူ့လက်ကြီး!
တကိုယ်လုံးပူထူလာလိုက်တာများ ချက်ချင်းအဖျားတက်လာသလိုပင်။ မနေတတ်တာမို့် ခါးပေါ်ရစ်သိုင်းနေသော သူ့လက်ကို အသာ မလိုက်ကာ သူ့ဘေးကထွက်ဖို့ ကြိုးစားကြည့်မိသည်။
လက်ထောက်ပြီး ထဖို့ကြိုးစားသမျှသည် လုံးဝအရာမထင်ပေ၊ ကြမ်းပြင်ပေါ် ထောက်ချဖို့ပင် လက်က အားမပြုနိုင်သေး ၊ သွေးအားနည်းနေလို့ဖြစ်မည်။ နည်းနည်းလေး အားထုတ်လိုက်တာနဲ့ မောလာသောကြောင့် ခနငြိမ်ပြီး ပြန်လှဲနေလိုက်သည်။
နေပါအုန်း hae ခေါင်းခုထားတာ ခေါင်းအုံးမှမဟုတ်ဘဲ?
သူ့လက်မောင်းပေါ် ကျမ အိပ်နေမိမှန်း အတွေးက ဝင်ရောက်လာတော့ ဘယ်ဘက်ရင်အုံက သစ္စာဖောက်လာသည်။
ဆူညံနေသော နှလုံးခုန်သံများကြောင့် သူနိုးသွားမှာလည်း စိုးရိမ်မိသည်။
![](https://img.wattpad.com/cover/141594121-288-k472817.jpg)
YOU ARE READING
Under The Moonlit Nights [Completed]
FantasyJungkook × oc Romaniaနိုင်ငံ Transylvaniaမြို့ ရဲ့ အငွေ့အသက်တွေနဲ့အတူ ၁၈ ရာစုလောက်ကို ပြန်သွားကြည့်ရအောင်....၊ Van Helsing ဆိုတဲ့ vampire ရုပ်ရှင်ကြည့်ဖူးတယ်ဆိုရင် မျက်လုံးထဲမှာ ပုံဖော်လို့အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.....❤ ဤ fictionထဲမှ အကြောင်း...