"Jungkook ငြိမ်ငြိမ်နေပါဆို..."
"ဟာ..နေနေတာပဲ"
"အဲ့မျက်နှာကြီးက ငုံ့နေပါဆို ခနခနမော့ကြည့်မနေပါနဲ့ဆို.."
သူ့ခေါင်းပေါ် ပြေးလွှားနေတဲ့ သူမ လက်တွေကို ခပ်ပြင်းပြင်းလှုပ်ရမ်းပစ်တော့ သူက ရီသည်။
"အ! ကလေးနော် ကိုက ခေါင်းကိုရေသုတ်ခိုင်းတာ ဆံပင်ဆောင့်ဆွဲခိုင်းတာမဟုတ်ဘူး"
"ဟီးးး နာသွားလား?"
ပြန်ရောက်ရောက်ချင်း စိုရွှဲလာသော မိုးရေများကြောင့် အဝတ်လဲပြီးကာမှ ခေါင်းကို ရေသုတ်ပေးပါဆိုပြီး ကုတင်ပေါ်ဆွဲခေါ်လာတာလဲ သူ...
သုတ်ပေးနေပြန်တော့လဲ သူမ မျက်နှာပဲလိုက်ကြည့်ပြီး အငြိမ်မနေတာလဲ သူ...
စိတ်ရှိတိုင်းသာဆိုရင် အကဲပိုလွန်းတဲ့ ဂျုံးဂုဆိုတဲ့ အကောင်ကြီးကို hae ခေါင်းပင် ခေါက်ပစ်လိုက်ချင်ပါသည်၊ မလုပ်ရက်လို့သာပေါ့...။
"ရပြီ ခြောက်သွားပြီနော်.."
ခုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ဂျုံးဂုကို ဘေးမှ ဒူးထောက်ရပ်ပြီး hae သုတ်ပေးနေသည်မှာ တော်တော်ပင်ကြာနေသဖြင့် ဒူးကကျဉ်နေပြီဖြစ်သည်။
"မရသေးဘူး ဒီမှာ စိုနေတယ်.."
ကြည့်...သူ့ဆံပင်တိုတိုလေးကို ခုနကတည်းက ပြီးပါပြီဆိုတာကို အခု ထပ်ပြီး...။ hae မျက်စောင်းထိုးတော့ သူ့ ယုန်သွားတွေပေါ်သည်ထိ ရီပြနေပြန်သဖြင့် မိhaeတစ်ယောက် စိတ်ကမဆိုးရဘဲ ချက်ချင်းပြန်ပြေနေရသည့်အဖြစ်...။
"ဒီမှာ hae ဆံပင်အရှည်ကြီးတောင် ခြောက်တာကြာနေပြီ ဂျုံးဂုက တိုတိုလေး..တကယ်ပဲ ဘယ်လိုဖြစ်နေတာလဲ?"
ပြောကာမှ သူမခါးကို သိုင်းဖက်ကာ ရင်ခွင်ထဲ ကလေးတစ်ယောက်လို တိုးဝင်လာပြန်တဲ့သူ..နေပါအုန်း အသက်ထောင်ချီနေတာ အဲ့အဘိုးကြီးပါနော်..
YOU ARE READING
Under The Moonlit Nights [Completed]
FantasyJungkook × oc Romaniaနိုင်ငံ Transylvaniaမြို့ ရဲ့ အငွေ့အသက်တွေနဲ့အတူ ၁၈ ရာစုလောက်ကို ပြန်သွားကြည့်ရအောင်....၊ Van Helsing ဆိုတဲ့ vampire ရုပ်ရှင်ကြည့်ဖူးတယ်ဆိုရင် မျက်လုံးထဲမှာ ပုံဖော်လို့အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.....❤ ဤ fictionထဲမှ အကြောင်း...