Fourteen (part 2)

6.2K 581 90
                                    

ထိုင်​တယ်​...ထတယ်​...

နှုတ်​ခမ်းကိုဖိကိုက်​ပြီး ​သက်​ပြင်း​တွေချတယ်​..

တောင်​ဘက်​ကို​လျှောက်​တယ်​ ၊ ​မြောက်​ဘက်​ကိုပြန်​လှည့်​တယ်​....

လုံးဝ သည်းမခံနိုင်​တဲ့အဆုံး သူမ ဆံပင်​​တွေကို ဆွဲဖွရင်း ​ငုပ်​တုပ်​ထိုင်​ချလိုက်​ရသည်​။

"အာ...ရားးး ​ဂျောင်​ဟယ်​​ရေ နင်​ရူး​နေလား ရူး​နေလား?
အားးးးမသိ​တော့ဘူး ဘယ်​လိုလုပ်​ရမလဲ အခု ဘယ်​လိုလုပ်​ရ​တော့မှာလဲ...လို့!!!"

တ​ယောက်​ထဲ ​ခေါင်းငိုက်​စိုက်​ကျ​နေတုန်း ပခုံးကို လာဆုပ်​ကိုင်​​သော လက်​...

"အာ...omma!"

ငုပ်​တုပ်​​ထိုင်​​နေရာမှ ကြမ်းပြင်​​ပေါ် ဖင်​ထိုင်​လျက်​ လဲကျ​တော့ ငုံ့ကြည့်​​နေတဲ့လူကြီးက ခပ်​ဟဟရီသည်​။

"ဟာ...ဂျီမင်​အိုပါး..."

"မ​တွေ့တာကြာပြီ​နော်​ ဟယ်​​လေး..."

တော်​​တော်​ကြာမှပြန်​​တွေ့ရတဲ့ ဂျီမင်​​ကြောင့်​ မ​နေ့ညက သူမ ဂျုံးဂုကိုဖွင့်​​ပြောခဲ့သည်​ကို ​တွေးကာ  ရှက်​​ပြီး ကမ္ဘာပျက်​​နေသည့်​ကိစ္စများ ခန​မေ့သွားပြန်​သည်​။ ​ဂျီမင်​က ဖင်​ထိုင်​ရက်​ လဲကျ​နေ​သော သူမလက်​များကိုဆွဲကာ ထူ​ပေးသည်​။

"အိုပါး ထပ်​မလာ​တော့ဘူးလို့​တောင်​ ထင်​​နေတာ၊ ပြန်​လာတာ ကြိုဆိုပါတယ်​..."

နှစ်​​ယောက်​ ပြိုင်​တူပြုံးရီလိုက်​ပြီး​နောက်​ သူမ​ရောက်​​နေ​သော ​ခေါင်းမိုးထပ်​ အုတ်​ဝရံတာ​ပေါ်တွင်​ ​ခြေဆင်းကာ နှစ်​​ယောက်​သားထိုင်​ဖြစ်​ကြသည်​။

မ​နေ့ညက အသည်းအသန်​ရွာသွန်းခဲ့​သော မိုးတို့သည်​ ယခုချိန်​၌ ထင်​သ​လောက်​ရှိမ​နေ​​တော့။ လက်​ကျန်​ တိမ်​ညိုများသား ​ပြေးလွှား​နေပြီး ​ကောင်းကင်​ယံသည်​ မှုန်​၀ါးဝါးဖြင့်​ ​လေပြည်​ရိုင်းတချို့က ဟိုမှသည်​ လွန်းလူးလျက်​။

"​ယောင်​အန်းက အမြဲတမ်းမိုးရွာ​နေတာပဲ​နော်​ အိုးပါး"

Under The Moonlit Nights [Completed]Onde histórias criam vida. Descubra agora