ပုံမှန်ထက်ပို တိတ်ဆိတ်နေသော အခြေအနေမို့ အသက်ကိုမျှင်းမျှင်းသာရှူရင်း ခြေသံကို တတ်နိုင်သမျှ ဖွဖွ လျှောက်လာခဲ့သည်...
မိုးရေကြောင့် စိုစိုစွတ်စွတ်ဖြစ်နေသော မြေသင်းနံ့နှင့်အတူ သွေးညှီနံ့ခပ်စို့စို့က နှာခေါင်းဝကို လေတချက်တိုက်တိုင်း ဝင်လာပြန်တော့ နှာခေါင်းကို လက်ဖြင့် ခနခနပွတ်ရပြန်သည်..
ဟင့်အင်း အမူအယာပျက်လို့မဖြစ်သေးဘူး...ရိပ်ကနဲ ဖြတ်ပြေးသွားသော အရိပ်တခုကို မျက်လုံးထောင့်မှ မြင်လိုက်သော်ငြားလည်း မသိချင်ယောင်ဆောင်ကာ ခုတ်ပြီးသား ထင်းစည်းကို ကြိုးဖြင့်ဆက်စည်းနေလိုက်သည်..
နောက်ကျောဆီမှ နီးကပ်လာသော ခြေသံတခု...ပုံမှန်လူဆို သတိမထားမိလောက်ပေမယ့် သေချာလေ့ကျင့်ထားတဲ့ hunter တစ်ယောက်အတွက်ကတော့ မပြောပလောက်..။ လေတိုက်တဲ့အရှိန်ကအစ အန္တရယ်နှင့်သားကောင်ကို ခွဲခြားပြီးသား...အခု အနောက်မှာရောက်နေတာ သေချာပေါက် နုံနုံအအ သွေးစုပ်ကောင်အမ....
သုံး....
နှစ်....
တစ်...
ဒုတ်!💥 အားးးးး!!!!!!
ပခုံးကိုလှမ်းကိုင်မည့် သူမလက်မရောက်မှီ ဘေးသို့တချက်စောင်းကာ ဆံပင်ကနေဆောင့်ဆွဲပြီး ခါးကြားမှ ငွေဓားဖြင့် နှလုံးနှင့်ကပ်လျက် တစ်လက်မအကွာလောက်သို့ ထိုးချလိုက်သည်။
ဦးထုပ်အတွင်းသို့ ခေါက်သိမ်းထားသည့် မဟော်ဂနီရောင်ဆံပင်ရှည်များမှာ လွင့် ကျသွားသော ဦးထုပ်နှင့်အတူ ပြေကျလာကြသဖြင့် မျက်နှာပေါ် မညီမညာဖုံးအုပ်ကုန်သည်...shit...ဒါတွေကြောင့် Hae တစ်ယောက် ဆံပင်အရှည်မထားချင်ခြင်းပင်...။
စူးရှလှသော ဝမ်းခေါင်းသံကြောင့် တိတ်ဆိတ်နေသော တောမှာ ဆူဆူညံညံဖြင့် အိပ်တန်းတက်ငှက်များပင် ဝရုန်းသုန်းကား ထပျံကုန်ကြသည်။
"ဂျွန်းဂျုံးဂု ဘယ်မှာလဲ!!"
"အဟက်...မ သိ ဘူး..."
ငွေဓားက သိပ်အနက်မရောက်သေးလို့ ထင်သည် သွေစုပ်ကောင်မ မှာ ကျက်သရေမရှိစွာ ပြုံးလျက် သူ့သခင်ကို ကာကွယ်ပေးနေပြန်တော့ စိတ်က မရှည်စွာ...အားထည့်ပြီး နှလုံးအနားနီးနီးသို့ ဖြေးဖြေးချင်း ဓားကို ဆွဲရင်း...
ESTÁS LEYENDO
Under The Moonlit Nights [Completed]
FantasíaJungkook × oc Romaniaနိုင်ငံ Transylvaniaမြို့ ရဲ့ အငွေ့အသက်တွေနဲ့အတူ ၁၈ ရာစုလောက်ကို ပြန်သွားကြည့်ရအောင်....၊ Van Helsing ဆိုတဲ့ vampire ရုပ်ရှင်ကြည့်ဖူးတယ်ဆိုရင် မျက်လုံးထဲမှာ ပုံဖော်လို့အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.....❤ ဤ fictionထဲမှ အကြောင်း...