"ဂျုံးဂု...ကျမ.."
"သွားမယ်!!"
ဆွဲခေါ်လာတဲ့ သူ့လက်တွေကို ရုန်းနေပေမယ့် အရာမထင်၊ ဒေါသဖြင့် ကြမ်းတမ်းစွာ ဆွဲခေါ်လာတာကြောင့် hae လက်မောင်းပင် အောင့်နေကာ သူ့ခြေလှမ်းတွေ အရမ်းမြန်လွန်းလို့ လိုက်လို့တောင်မမှီ။
"ခန...ကျမ ထယ်ယောင်းကို တွေ့လိုက်တယ်၊ သူက ဘာလို့ wolfတွေနဲ့အတူရှိနေရတာလဲ ကျမ သိချင်တယ်.."
"အဲ့ဒီတော့!!!!"
ဆောင့်အော်ကာ ရပ်ပစ်လိုက်တဲ့ ခြေလှမ်းတွေကြောင့် hae သူ့ကို အံ့သြတကြီးမော့ကြည့်မိသည်။ တကယ်ပဲ သူ ဒီလောက်ထိ ဒေါသထွက်စရာလိုရဲ့လား။
"အဲ့ဒီတော့ မင်းက ဘာလုပ်ချင်တာလဲ? ဘာလဲ သူရဲကောင်းကြီးလုပ်ပြီး အုပ်စုအတွင်းထဲထိ မင်းက ဝင်ကယ်ဖို့ ယောင်အန်းကနေတောင် ထွက်လာရဲတာပေါ့ ဟုတ်လား??"
မင်း..တဲ့။ hae သူ့ကို ငေးကြည့်နေမိဆဲ။ စူးရဲစွာ တင်းမာနေတဲ့ သူ့မျက်နှာဟာ စစတွေ့ချင်းက သူ့မကို ခြိမ်းခြောက်ဖူးသည့် မျက်နှာထားမျိုးဖြစ်သည်။
"မဟုတ်ဘူး..."
"ပြောစရာစကားကမရှိရင်လဲ ပါးစပ်ကိုပိတ်ထားလိုက်တော့! အဲ့ကောင်အကြောင်းထပ်ပြောရင် မင်းကို ငါသတ်မိတော့မယ်!!!"
သူ့စကားတွေက ဘယ်ရောက်နေမှန်း သူသိပါ့ရဲ့လား။ Hae အံ့သြမှုနဲ့အတူ ရင်ထဲနာကျင်လွန်းလို့ တကယ်ပဲ ဆွံအနေမိသည်။ ဆွဲခေါ်လာတဲ့ သူ့နောက် အသံတိတ်ကာ လိုက်လာခဲ့ရင်း မျက်ရည်တို့က အကြောင်းအရင်းမရှိ စီးဆင်းနေဆဲ... သူနဲ့ပတ်သတ်သမျှ ခံစားလွယ်တတ်တဲ့ ကိုယ့်ကိုယ်ကိုပဲ hae မုန်းမိပါသည်။
~~~~~
"အ!"
အခန်းထဲ ရောက်မှ လွှတ်ပေးတဲ့ လက်ကောက်ဝတ်နေရာဟာ သူ့လက်အရာအတိုင်း ရဲရဲနီလျက်။ သိသိရက်နဲ့ လစ်လျူရှုသွားတဲ့ သူ့မျက်ဝန်းတွေက တကယ်ပဲ အေးစက်လွန်းနေသည်။
![](https://img.wattpad.com/cover/141594121-288-k472817.jpg)
KAMU SEDANG MEMBACA
Under The Moonlit Nights [Completed]
FantasiJungkook × oc Romaniaနိုင်ငံ Transylvaniaမြို့ ရဲ့ အငွေ့အသက်တွေနဲ့အတူ ၁၈ ရာစုလောက်ကို ပြန်သွားကြည့်ရအောင်....၊ Van Helsing ဆိုတဲ့ vampire ရုပ်ရှင်ကြည့်ဖူးတယ်ဆိုရင် မျက်လုံးထဲမှာ ပုံဖော်လို့အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.....❤ ဤ fictionထဲမှ အကြောင်း...