nighteen (part 2)

4.3K 521 90
                                    

မငိုချင်​​တော့ပါဘူး ပင်​ပန်းလွန်းလို့...၊ နီစပ်​​နေတဲ့ မျက်​လုံး​တွေ ဘယ်​​လောက်​​တောင်​​ ယောင်​​နေခဲ့ပြီလဲ...။

စိတ်​​ဓာတ်​​ရေးရာက တခါမှမကျဖူး​လောက်​​အောင်​ ဟိုး​အောက်​ဆုံးထိထိုးကျ​နေရုံမက​သေး ခန္ဓာကိုယ်​က အားအင်​ဆိုတာမရှိ​လောက်​​အောင်​ နွမ်း​နယ်​​နေ​သေးသည်​။

အဆိုးဆုံးက ဝမ်းဗိုက်​ဆီမှ ပူပြင်းစွာ နာကျင်​ကိုက်​ခဲ​နေခြင်း..။

နဖူးမှ စီးကျ​နေတဲ့ ​ချွေး​စေးတချို့က စိုစွတ်​စွတ်​ပတ်​ဝန်းကျင်​ ရာသီဥတု အ​အေးဒဏ်​နှင့်​လားလားမှမဆိုင်​...၊ နာကျင်​မှုအား နှုတ်​ခမ်းကိုဖိကိုက်​ရင်း အံတု​နေရသည်​မို့ hae နှုတ်​ခမ်း​တွေဟာ ​သွေးစတို့ စို့နစ်​လျက်​...။

အခုချိန်​ဆို..သူ ​ရောက်​ရက်​ခတ်​ပြီး haeကိုရှာ​နေမလား? ​ဒေါသ​တွေထွက်​ ပစ္စည်း​တွေရိုက်​ချိုးပြီး ​သောင်းကျန်း​လေမလား..?

သူ့အ​ကြောင်း​တွေးမိရုံနဲ့ hae ရင်​ခွင်​တခုလုံး ​ကြေမွစွာ နာကျင်​မိသည်​။ ယွန်းဂီoppa ​ပြောခဲ့သည့်​စကား​တွေပြန်​ကြားတိုင်း အားတင်းထားချင်​တဲ့ စိတ်​​တွေက အမြဲ မီးကို​ရေနဲ့ငြိမ်းသလို ​ပျောက်​ဆုံးရတာချည်း...၊ အရင်​ကတည်းက ​ခေါင်းမာပြီး တဇွတ်​ထိုးဆန်​တဲ့အတိုင်း မင်​ယွန်းဂီတစ်​​ယောက်​ haeတို့ လက်​ထပ်​မည်​ကို သ​ဘောမတူတာ အဆန်းမဟုတ်​...၊ သို့​သော်​...

~~~~

"မင်း...ဂျုံးကုနဲ့ လက်​ဆက်​လို့မရဘူး က​လေးမ!"

သူမ ​မော့ကြည့်​မိသည်​၊ ဂါအူးကို ဂျုံးဂုနဲ့လက်​ဆက်​ဖို့ တိုက်​တွန်းခဲ့​​ပေမယ့်​ haeကိုမှ လက်​မခံနိုင်​ဘူးတဲ့လား oppa...။ hae ​မေးလိုက်​ချင်​ပါသည်​။ သူမ အကိုအရင်းအ​ကြောင်း သူမအသိဆုံးမို့ ​စောဒက မတက်​ဝံ့ လူသား​တွေကို​သေ​လောက်​​အောင်​မုန်းတဲ့သူတစ်​​ယောက်​ကို အရင်​ဘဝက သူ့ညီမဆို​သော အ​ကြောင်းအရင်း​လောက်​နှင့်​ ကြည်​ဖြူမယ့်​သူမဟုတ်​​​တော့လဲ ခက်​သည်​။

"အခု...လက်​ထပ်​မယ့်​သတင်းကြားလို့ ကျမကို ရဲတိုက်​က ​ခေါ်ထုတ်​လာတာ​ပေါ့..အဟင်းး .ရှင်​ ဘယ်​လိုတားတား ကျမ ဂျုံးကု သ​ဘောထားကလွဲလို့ ဘယ်​သူ့အမိန့်​ကိုမှ နားမ​ထောင်​ပါဘူး မင်​ယွန်းဂီ!"

Under The Moonlit Nights [Completed]Where stories live. Discover now