Seven

5.6K 587 29
                                    

တောအစပ်​က ထွက်​လိုက်​သည်​နှင့်​ ​စိတ်​​ရောလူ​ရော ​ဒုန်းဒုန်း​လျော့ချပစ်​ကာ မြက်​ခင်းစိမ်းစိမ်း​ပေါ် လှဲချပစ်​လိုက်​သည်​...။

ကောင်းကင်​ပြာပြာကို ​မျှော်​လင့်​ထားခဲ့​သော်​လည်း မျက်​စိ​ရှေ့မှ မှိုင်းညို့ရီ​သော ​တိမ်မဲများသည်​ haeအား ​လှောင်​​ပြောင်​​နေသ​ယောင်​...။

မသယ်​နဲ့လို့​ပြောပါရက်​နဲ့ သမင်​​သေကို သယ်​လာတာ ကိုယ်​ပဲမို့လို့ ဟိုလူကြီး ကူသယ်​ပါအုန်းလို့လဲ မ​ပြောချင်​၊ .​ဒီအထိ haeမနိုင်မနင်း မ လာတာ​တောင်​ အေ​​​နာက်​က​နေ ဘာသိဘာသာ ​လျှောက်​လာတာများ သူနဲ့မဆိုင်​တဲ့အတိုင်း..အခုလည်း ဘယ်​နားမှာ ကျန်​ခဲ့လဲမသိ ​ပေါ်မလာ​သေး​ပေ..။ ထင်​ထားတဲ့ပို​လေးတဲ့ သ​မင်​ပျို​ကြောင့်​ ရဲတိုက်​အ​ပေါ်ထိ သယ်​ဖို့ hae စဉ်းစားရင်း ​ခေါင်းပါကိုက်​လာသည်​.

အားးးးပင်​ပန်းတယ်​ ​တကယ်​...။

မနာ​တော့​ပေမယ့်​ မ​ပျောက်​​သေးတဲ့ လက်​ဖဝါးက ဒဏ်​ရာကလည်း ခပ်​​အောင့်​​အောင့်​...ဘာပဲဖြစ်​ဖြစ်​ ဟိုလူကြီးထက်​အရင်​ ရဲတိုက်​​ပေါ် ​ရောက်​ချင်​တာမို့ မြက်​ခင်းပေါ်မှ လူးလိမ့််​ထကာ သမင်​​ပေါ်ချည်​ထား​သော ကြိုးကို ပခုံး​ပေါ်ပြန်​တင်​လိုက်​သည်​...​ညောင်းညာ​နေ​သော ခါးကို ခပ်​နာနာထုပစ်​ပြီး နဖူးမှ ​ချွေးစကိုသုတ်​ကာ မြင်​​နေရပြီဖြစ်​​သော ရဲတိုက်​ တံခါးဝဆီသို့ ​လျှောက်​လာလိုက်​သည်​..

မြေသင်းနံ့နှင့်အတူ​​​​တောင်​ဘက်​စူးစူးမှ ​ဖြူးလာ​သော ​လေပြည်​ရိုင်းတို့​ကြောင့်​ ​ချွေးစ​သီး​နေတဲ့ နဖူး​ပေါ်က ဆံပင်​​တွေ ပြန့်​ကြဲကုန်​ပြန်​သည်​..

ဆို​​​တော့....မိုးရွာအုန်းမယ်​​ပေါ့?

~

ရဲတိုက်​တံခါးကို ပခုံးနှင့်​တိုက်​ကာ တွန်းဖွင့်​ ဝင်​လာလိုက်​​တော့ ​ခပ်​အိုအို တံခါးမကြီးသည်​ ထုံးစံအတိုင်း သံရှည်​ဆွဲကာ ကျွီခနဲ ပြန်​​​စေ့သွားသည်​...

သမင်​အား....စားဖို​ဆောင်​ စားပွဲ​ပေါ်သို့ ပစ်​ချလိုက်​ပြီး စိမ့်​လာ​သော ရာသီဥတု​ကြောင့်​ မီး​မွှေးဖို့ အရင်​ပြင်​လိုက်​သည်​။

Under The Moonlit Nights [Completed]Tahanan ng mga kuwento. Tumuklas ngayon