နီညို့ညို့ သွေးစက်တွေ လည်ချောင်းထဲ တရစ်ရစ်စီးဆင်းနေသည့် အရသာကို မျက်လုံးစုံမှိတ်ခါ ခံစားနေရင်းမှ....
*ဒုန်း* 💥
အောက်ထပ် ရဲတိုက်ရဲ့တံခါးမကြီးဆီမှ ကျိုးပဲ့ပျက်စီးသံတချို့ကြောင့် ယွန်းဂီ မျက်လုံးတို့ ဖွင့်လိုက်သည်။
ဖန်ခွက်ကို စားပွဲပေါ် အသာအယာချရင်း နှုတ်ခမ်းဖျားတွင် စွန်းထင်နေသော သွေးစက်တချို့ကို သုတ်ပြီးချိန်၌..
လျင်မြန်သောအရှိန်တခု၏ လေပြင်းတချက်နဲ့အတူ ယွန်းဂီတစ်ယောက် လည်ပင်းဝတ်ရုံစဆီမှ ဆွဲမြှောက်ခံလိုက်ရသည်။
မျက်နှာချင်းဆိုင်နေရသည်က ဒေါသတွေမပါ မျက်ရည်စတွေနဲ့ နာကျင်မောဟိုက်နေသော မျက်ဝန်းတစုံ...။
"Hyung...."
တိုးလျစွာ ရှိုက်ငင်သွားသည်မှာ စိတ်ရောကိုယ်ပါ နာကျင်ပင်ပန်းနေမှန်း ယွန်းဂီ ထိုမျက်လုံးများမှတဆင့် မြင်နေရသည်။
"ငါ ပြောခဲ့တယ်မလား...
တချိန်ကျရင် သူ မင်းကိုထားခဲ့မှာပဲလို့!""မဟုတ်ဘူး!!!! Hyung ညာနေတာ...."
ကြမ်းပြင်ပေါ် ဒူးထောက်ကာ မျက်ရည်တို့စီးကျနေသော ညီငယ်ကို ယွန်းဂီ တကယ်ပဲ သနားမိသည်။ တကယ်တမ်း...ဒီလိုမျိုးကို သူရည်ရွယ်ပြီးလုပ်ခဲ့သည်မဟုတ်....။
"ဂျုံးကုကီ...မင်း hyung ကို အထင်လွဲနေတယ်...
ငါ သူ့ကို တွေ့ခဲ့တာ မှန်ပေမယ့် သူ ထွက်သွားတာ သူ့သဘောနဲ့သူပါ..""Hyung နဲ့မဆိုင်ဘူးဆိုရင်...ဘာလို့ jihoon ကပါ ပျောက်နေရတာလဲ?! မညာပါနဲ့hyung...ကျနော်တောင်းပန်ပါတယ်...haeလေးကို jihoonနဲ့ဘယ်ကိုပို့ပစ်လိုက်တာလဲ ပြောပြ...."
"ဘာ....!"
ယွန်းဂီ..ဂျုံးကုပြောတာတွေကို ဘာမှလိုက်မမှီတော့...။ jihoon က ပျောက်နေသည်တဲ့လား....၊ ပြန်လာသင့်ချိန်ရိုးရိုးနောက်ကျနေတယ်ပဲ ထင်မိတာကို ယွန်းဂီ ကိုယ့်ကိုယ်ကို စိတ်တိုသွားသည်။
YOU ARE READING
Under The Moonlit Nights [Completed]
FantasyJungkook × oc Romaniaနိုင်ငံ Transylvaniaမြို့ ရဲ့ အငွေ့အသက်တွေနဲ့အတူ ၁၈ ရာစုလောက်ကို ပြန်သွားကြည့်ရအောင်....၊ Van Helsing ဆိုတဲ့ vampire ရုပ်ရှင်ကြည့်ဖူးတယ်ဆိုရင် မျက်လုံးထဲမှာ ပုံဖော်လို့အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.....❤ ဤ fictionထဲမှ အကြောင်း...