Twenty Two

4.8K 508 103
                                    

"Hyung!!! ကျ​နော်​​မေးတာ​ဖြေအုန်း​လေလို့!"

တုပ်​တုပ်​မှမလှုပ်​ပဲ ကုတင်​​ပေါ် လဲ​လျောင်း​နေတဲ့ ယွန်းဂီကိုကြည့်​ရင်း​ ဂျီမင်​စိတ်​​တွေညစ်​လာသည်​။

အောက်​ထပ်​မှာ ​ရောက်​​နေသည့်​ ကင်​​ဆောအာ ဆိုသည့်​မိန်းမက hyung​ ကိုယ်​တိုင်​ ​ခေါ်ထားသည်​ဟုဆိုကာ အကျအန ထိုင်​​စောင့်​​နေလျက်​ သူက​တော့ ​အေး​အေးလူလူ လာအိပ်​​နေသည်​။

"Hyung တကယ်​ပဲ ဒီက​လေးမကို ဂျုံးကုနဲ့ လက်​ထပ်​​ပေးမှာလားလို့?! Hyung ​ဗျာ....တကယ်​ပဲ ကျ​နော်​ hyungကိုနားမလည်​​တော့ဘူး..ကျ​နော်​သိတဲ့ ယွန်းဂီhyungက အဲ့လို သူများကိစ္စထဲဝင်​ပါတတ်​တဲ့လူမှမဟုတ်​ဘဲ...​ကျေးဇူးပြုပြီး အငယ်​​လေးကို သူ့ဘာသူဆုံးဖြတ်​ခိုင်းလိုက်​ပါဆိုဗျာ....."

"ဒါဆို မင်း သူနဲ့လက်​ထပ်​မှာလား?"

"အမ်​!"

မျက်​လုံးအဖွင့်​ ခါးကအမတ်​..ထထိုင်​လိုက်​တဲ့ ယွန်းဂီ​​ကြောင့်​ ​ဘေးကတင်​ပလွဲဝင်​ထိုင်​​နေတဲ့ ဂျီမင်​ခမျာ ဟန်​ချက်​ပျက်​ကာ ကုတင်​​ပေါ်မှ ပြုတ်​မကျ​အောင်​ မနည်းပြန်​ထိန်းလိုက်​ရသည်​။

*ကြည့်​...ဒီhyungဟာ​လေ.....*

"ဒါဆို ကင်​​ဆောအာကို မင်းလက်​ထပ်​မှာလားလို့? အဲ့တာဆို အငယ်​​လေးလက်​ထပ်​စရာမလို​တော့ဘူး​လေ!"

ရုတ်​တရက်​ကြီး ထ​မေးလာ​သော ယွန်းဂီ​ကြောင့်​ ဂျီမင်​ စကားလုံး​တွေပါ ​ပျောက်​ကုန်​သည်​။ ဘာဆိုင်​လို့ သူက ဒီက​လေးမနှင့်​ယူရမည်​လဲ...စိမ်းဖန့်​ဖန့်​မျက်​လုံး​တွေဆီက ရဲတင်းလွန်းသည့်​အကြည့်​​တွေကို စိတ်​ကူးနဲ့သ​ဘောကျ​ပေးလို့​တောင်​မရ.....ထူးဆန်းသည့်​အ​ငွေ့အသက်​ကြီးပဲ ခံစားရသည်​မလား..။

"ဘာဆိုင်​လို့ ကျ​နော်​လဲ???? မျိုးနွယ်​အင်​အားကြီးဖို့သက်​သက်​ဆို တခြားနည်းနဲ့ ကျ​နော်​တို့်​ကြိုးစားလို့ရတာပဲဟာ..hyungက သက်​သက်​မဲ့ hae​လေးကိုမုန်း​နေတာ...!!!"

စိတ်​ထဲ မ​ကျေမနပ်​ဖြစ်​လာသည်​နှင့်​အညီ အားမလိုအားမရစွာ ဂျီမင်​ နှုတ်​ခမ်း​တွေ ဆူ​ထော်​လာသည်​။ တင်​ပလွဲထိုင်​ရင်း ချထားသည့်​ ​ခြေ​ထောက်​​တွေကို ကုတင်​​ပေါ်တင်​ပစ်​​လိုက်​ပြီး အားရပါးရ တင်​ပျင်​​ခွေရင်း တရှူးရှူးတရှဲရှဲပါ ဖြစ်​လာသလိုပင်​...

Under The Moonlit Nights [Completed]Where stories live. Discover now