သဘာဝ လရောင်၏ အပြာရောင်အလင်းတန်းသည် ပြတင်းပေါက်မှတဆင့် ရေမျက်နှာပြင်မှ အရောင်ပြန်ကာ သူ့မေးရိုးနှင့် လည်တိုင်တဝိုက်တွင် ငွေရောင်လှိုင်းပုံရိပ်များ ထင်ဟပ်နေသည်။
ကြည်လင်သော ရေမျက်နှာပြင်သည် သူဝင်ထိုင်လိုက်ချင်း သွေးရောင်လွှမ်းကာ ဒဏ်ရာနှင့် ရေတို့ ထိပြန်တော့ စပ်ဖျင်းဖျင်းအရသာက ပခုံးနှင့် ဗိုက်သားတစ်ဝိုက်တွင် သိသိသာသာ...။
တိတ်ဆိတ်သော အခန်းမို့ တစက်ချင်းကျနေသော ရေပေါက် အသံကလွဲရင် ခြောက်ကပ်ကပ်...
သို့သော်...သာမန်ထက်ပို အကြားအာရုံထူးကဲသည့် သူ့အတွက် အောက်ထပ်က တရွေ့ရွေ့လှုပ်ရှားနေသော ခြေသံလေးကို ကြားနေရသည်က ကြာလကြာရှည်စွာ ငြိမ်သက်နေခဲ့သော ဘယ်ဘက်ရင်အုံအား ဒုက္ခပေးနေပြန်သည်...
*ဒီ ကောင်မလေး ဘာတွေလုပ်နေပြန်တာလဲ?*
သူမအကြောင်း ခေါင်းထဲရောက်လာတိုင်း အလိုအလျောက် မျက်ခုံးတို့ တွန့်ချိုးမိသည်.....ဘာလုပ်လုပ် မိန်းကလေးမတန်မဲ့ အမူအရာ အသွားအလာတိုင်းက နူးညံ့မှူမရှိ...အထူးသဖြင့် စကားလုံးဝ နားမထောင်တတ်သောအကျင့်..။
ခုနကတုန်းက သူမကို မြင်မြင်လိုက်ချင်း ပူလောင်သွားတဲ့ အခိုက်အတန့် ကြီးကို မေ့ရရင် မေ့ပစ်လိုက်ချင်သည်...ဒီလောက် အန္တရယ်များထဲ အခြေအနေထဲ မပါစေချင်လို့ မြေအောက်ခန်းထိ သွားပို့ထားတာကို ပြန်တက်လာတာပဲ ကြည့်....wolf တကောင်ကို သတ်သွားလိုက်တာများ အလွယ်ကလေး.....ဘာပဲပြောပြော ဒီကောင်မလေး သတ်မယ်ဆိုရင် ကိုယ်သေနိုင်မယ် ထင်သည်..
*ဟက်*
တယောက်ထဲ တွေးရင်း ပြုံးလိုက် မဲ့လိုက်နဲ့ ကျနော့်အဖြစ်က နဲနဲတော့ ရီစရာကောင်းသား...။
ပေါက်ပြဲနေသော ဒဏ်ရာများကို ကြည့်လိုက်တော့ ခုထိ ပြန်မကျက်သေး...ဟူး...အားနည်းနေလို့ဖြစ်မည်...ဖြစ်ဆို သွေးမသောက်ပဲ ပေကပ်နေခဲ့တာ ဘယ်နှနှစ်ပါလိမ့်...ဒါတောင် ဟိုကလေးမ သွေးနဲ့မို့ ဒီလောက်ထိ သက်သာနေခြင်းဖြစ်သည်။
YOU ARE READING
Under The Moonlit Nights [Completed]
FantasyJungkook × oc Romaniaနိုင်ငံ Transylvaniaမြို့ ရဲ့ အငွေ့အသက်တွေနဲ့အတူ ၁၈ ရာစုလောက်ကို ပြန်သွားကြည့်ရအောင်....၊ Van Helsing ဆိုတဲ့ vampire ရုပ်ရှင်ကြည့်ဖူးတယ်ဆိုရင် မျက်လုံးထဲမှာ ပုံဖော်လို့အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.....❤ ဤ fictionထဲမှ အကြောင်း...