Ending❤

9.2K 702 122
                                    

ငွေ​ရောင်​နှင်းမှုန်​ငယ်​တို့သည်​ ​မနက်​ခင်​​ဝေလီ​ဝေလင်းရဲ့အလှကို ကနွဲ့ကလျနှင့်​ ပိုလို့ပံ့ပိုးကာ တဖွဲဖွဲ ကျဆင်း​နေသည်​။

မကြာလိုက်....နှင်း​​တွေကျ​​​နေဆဲပင်​ ​မှန်​ပြတင်းဆီကို ထိုး​ဖောက်​လာသည်​က ​နေ​ရောင်​​ဖျော့​ဖျော့က​လေး....။

လက်​ဖက်​ရည်​ခွက်​ကို​ နှုတ်​ခမ်းတို့နှင့်​ ထိကပ်​ထားသည်​မှ မ​သောက်​ဖြစ်​ပဲ စား​ပွဲ​ပေါ် ပြန်​ချမိသည်​။

*သူမ က မနက်​ခင်း​နေ​ရောင်​နုနု​လေး​တွေ သိပ်​ချစ်​ခဲ့သည်​မလား...?*

"ထယ်​​ယောင်း မုန့်​​ရောစားဟ...ငါ ဒီတစ်​​ခေါက်​ ​ထောပတ်​​လျော့ထည့်​ပြီးလုပ်​ကြည့်​ထားတာ မအီ​တော့ဘူး.."

ဝါကြင့်​ကြင့်​ မုန့်​ဝိုင်း​လေး​တွေက ပန်းကန်​ထဲမှာ အစီအရီ...၊ လုပ်​​ပေးတဲ့ jin hyung စိတ်​ချမ်းသာ​အောင်​ မုန့်​တခုကို​ကောက်​ယူကာ သူဝါးကြည့်​လိုက်​သည်​။ ကျွပ်​ဆတ်​ဆတ်​မုန့်​ဝိုင်း​လေး၏ ခပ်​ချိုချိုအရသာက သူ့နှုတ်​ခမ်း​တွေကို ပြုံးမိသွား​စေသည်​။

"ချို​နေတုန်းပဲ ​ဟျောင်း ရ..!"

"ဟုတ်​လား...ငါစားကြည့်​​တော့ အ​တော်​ပါပဲ...၊ ​ namjoona မြည်းကြည့်​စမ်းပါ ဘယ်​လိုလဲ??"

"ဟင်​? အင်း.....​ကောင်းသားပဲ..."

တဖက်​ခုံတွင်​ စာအုပ်​တအုပ်​ဖြင့်​ ဈာန်​ဝင်​​နေ​သော နမ်​ဂျွန်း​ဟျောင်းခမျာ ဘာရယ်​မှန်းလဲ ​သေချာမ​မေးပါဘဲ ဟိုက ပါးစပ်​ထဲလာထည့်​တာနဲ့ ​ယောင်​​တောင်​​တောင်​နှင့်​ ဝါး​ရှာသည်​။

ထယ်​​ယောင်း သူတို့နှစ်​​ယောက်​ကို ကြည့်​ရင်း ​ခေါင်းတခါခါဖြင့်​ ပြုံးမိသည်​။ လိုက်​လဲလိုက်​တဲ့ ဟာ​တွေ...

ခုချိန်​ထိ မိန်းမ မယူဘဲ သူငယ်​ချင်းနှစ်​​ယောက်​ထဲ​နေ​နေကြသည်​မှာ ဘယ်​​လောက်​ကြာပြီလဲ...? စိတ်​ရှိတိုင်းသာဆို သူတို့နှစ်​​ယောက်​ကိုသာ ထယ်​​ယောင်း​ပေးစားပစ်​ချင်ပါသည်​။ မ​ကောင်းတတ်​လို့သာ.....

"​ကျ​နော်​ သွား​တော့မယ်​ ​ဟျောင်းတို့..."

"​အေး ​အေး...​ခေါင်းကို​သေချာ​ဆောင်းသွား ထယ်​​ယောင်း နှင်း​တွေကျ​နေတုန်းပဲ..."

Under The Moonlit Nights [Completed]Onde histórias criam vida. Descubra agora