Part 3

4.3K 218 3
                                    

ခေတ်သစ်သွေး အနည်းငယ်ကြောင်သွားမိသည်။

"ဘာလဲဟ ဒီကောင့်မှာ''ယံ''ဆိုတဲ့သူငယ်ချင်းလဲမရှိပါဘူး ပြီးတော့ကြည့်ရတာသူတို့နှစ်ယောက်ကတော်တော်ရင်းနှီးတဲ့ပုံပဲ ဒါပေမဲ့ယောကျ်ားလေးတစ်ယောက်နဲ့တစ်ယောက်ကစာပို့ရင်heart reactတွေသုံးကြလို့လား... ဟာ... မသိတော့ဘူးကွာ ထမင်းပဲသွားစားတော့မယ်''ဆိုပြီးထမင်းစားခန်းထဲသာ ဝင်လာခဲ့တော့သည်။

အခန်းထဲတွင်တော့ထမင်းဝိုင်းတစ်ဖက်တွင်အဖေ ၊ အမေနှင့်ဟိုကောင် ၊ ကျန်တစ်ဖက်တွင်တော့ ဦးလေးမင်းသူနှင့်ကျွန်တော့အား ဘေးထိုင်ခုံတွင်လာထိုင်ရန်လက်ယပ်ခေါ်နေသောအန်တီသူဇာ။

ကျွန်တော်လည်းအန်တီ့အားပြုံးပြပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။အန်တီသူဇာမှ
"သားခေတ် သားကြိုက်တဲ့ဟင်းမပါဘူးမဟုတ်လား''ဟုမေးလာရာ ကျွန်တော်လည်းလိမ်ပဲလိမ်ရမလား အမှန်အတိုင်းပဲပြောရမလား တွေဝေနေမိသောကြောင့်

''တွေ့လား မဟေမာတို့ကတော့လုပ်ပြီ ခုသားခေတ် ဘယ်လိုစားမလဲလို့ သားဆက်ကြိုက်တဲ့ဟင်းတွေပဲချက်ထားတော့''ဟု အစ်မအား
အားမလိုအားမရဖြစ်သောညီမတစ်ယောက်ကဲ့သို့ဆူပုပ်ပုပ်ပြောလာသောကြောင့်ဒေါ်ဟေမာ ရယ်မိလေသည်။

"သူဇာတို့ကတော့ခုထိကလေးစိတ်မပျောက်သေးဘူးပဲ''ဟုဒေါ်ဟေမာပြောလာရာ ဦးမင်းသူကလည်း
"ဟုတ်တယ် မဟေမာရေ ကျွန်တော့မှာသားတစ်ယောက်တည်းမွေးထားပေမဲ့ ကလေးနှစ်ယောက်ထိန်းနေရတာဗျ'' ဟုပြောပြီးလူကြီးသုံးယောက်လုံး တသောသောနှင့်ရယ်မောကြ၍ အန်တီသူဇာ၏ကလေးတစ်​ယောက်မိခင်လို့မထင်ရသောမျက်နှာလေးသည်ပို၍ပင်ဆူပုပ်လာသယောင်...။

ကျွန်တော်ကပင် ''ရပါတယ် အန်တီ ကျွန်တော် ဒီဟင်းတွေကိုစားနိုင်ပါတယ် ကျွန်တော်ဂျီးမများတတ်ပါဘူး''ဟုပြောလိုက်ရာ အန်တီမှ ''သေချာလို့လား သားရယ်''ဆိုသည့်စိတ်မကောင်းသလိုအကြည့်ကြောင့် ခေါင်းညိတ်ပြုံးပြလိုက်ရသည်။မွေးမိခင်ဟင်းထည့်ပေးနေသောဟိုကောင့်ရဲ့အောင်နိုင်သူမျက်နှာပြဲကြီးကိလျစ်လျူရှုရင်းပေါ့။ထိုသို့ထိုသို့ပင် ကျွန်တော့မိဘများသည်ဟိုကောင့်ကိုချစ်၍ ဟိုကောင့်မိဘများဖြစ်သည့်ဦးလေးမင်းသူနှင့်အန်တီသူဇာတို့ကတော့ ကျွန်တော့ကိုအရမ်းချစ်ပါသည်။

နှလုံးသားရေးတဲ့အချစ်ပန်းချီ Where stories live. Discover now