Special Part

3.3K 171 2
                                    

ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့အပြာနုရောင်အခန်းလေးရဲ့ထောင့်မှာ ကျုံ့ကျုံ့လေးထိုင်နေသည်။သူ့ရဲ့မျက်ရည်များကို လောကကြီးမမြင်နိုင်စေရန် ဒူးပေါ်တွင် မျက်နှာကိုဖုံးအုပ်ထားရင်းပေါ့...။

သူ့ရဲ့ဦးနှောက် ၊ နှလုံးသား ၊ အသိစိတ်နှင့် ခန္ဓာကိုယ်မှလုပ်ဆောင်ချက်အားလုံးသည် ဖုန်းပြောပြီးသည်မှ အခုချိန်ထိ၄နာရီကြာငိုနေတာကိုလည်း သတိမရ ။

အလုပ်ကိစ္စကြောင့်အပြင်သွားနေသောမိဘများကိုလည်းစိတ်မဝင်စား ။

၄နာရီကြာထမင်းမစား ရေမသောက်ရသေးသည်ကိုလည်း မမှု ။

သူ့ရဲ့အသိဉာဏ်အားလုံးသည်နီရဲနေသောမျက်ဝန်းအိမ်မှမျက်ရည်များဆက်၍စီးကျလာရန်သာ တတ်နိုင်သည်။

သူ့ရဲ့ခန္ဓာကိုယ်သည် ဝတ်ထားသောဘောင်းဘီပွပွအား ဖျစ်ညှစ်၍ ဆုပ်ကိုင်ကာ အသံတိတ်ငိုရန် ကြိုးစားပြီးရင်း ကြိုးစားသည်...။

သူ့ရဲ့နှလုံးသားသည်ကွဲကြေလွန်းလှ၍ စူးအောင့်နာကျင်ရသည်မှာ မခံမရပ်နိုင်လောက်အောင်...။

သို့သော် ရက်စက်လှသောကံကြမ္မာနှင့်ကြမ်းတမ်းလှသောလောကကြီးသည် ထိုကောင်လေးအားမသိကျေးကျွန်ပြုခဲ့သည်။

*****

ကောင်လေးတစ်ယောက်ဟာ အိပ်ရာဘေးမှ စာကြည့်စားပွဲအပေါ် သူ့ရဲ့diaryစာအုပ်လေးအားဖွင့်ကာ သူ့ဘဝရဲ့အပျော်ရွှင်ဆုံးနေ့ရက်လေးကိုမှတ်တမ်းတင်နေသည်။

ထိုကောင်လေး၏ဖြူစင်သောမျက်ဝန်းလေးများသည်ကြယ်ပွင့်ကလေးများကဲ့သို့တောက်ပနေသည်...။

ထိုကောင်လေး၏ကလေးလေးတစ်ယောက်ကဲ့သို့ပြုံးနေသောနှုတ်ခမ်းလေးများသည်သူအလွန့်အလွန်ပျော်ရွှင်နေသည်ကိုထောက်ပြနေသည်...။

ထိုကောင်လေး၏အပြစ်ကင်းသောမျက်နှာလေးသည် ကြည်နူးမှုများနှင့်ပြည့်နှက်နေသည်...။

ထိုကောင်လေး၏သွယ်လျသောလက်ကလေးသည်diaryအပေါ်တွင်သွက်လက်စွာရွေ့လျားနေသည်...။

ထိုကောင်လေး၏လက်ရေးလေးများသည် ပျော်ရွှင်နေ၍လားမသိ သာမန်ထက်ပို၍ပင်ဝိုင်းစက်နေသည်...။

ထိုကောင်လေး၏နှလုံးသားသည်လည်း မထိန်းချုပ်နိုင်လောက်အောင် ခုန်ပေါက်နေသည်...။

ထိုကောင်လေးတွင်စိုးရိမ်ပူပန်မှုမရှိ ။ ဝမ်းနည်းမှုမရှိ ။ အားငယ်မှုမရှိ။ ကြောက်ရွံ့မှုမရှိ ။ ပူလောင်မှုမရှိ ။

ထိုကောင်လေး၏ဦးနှောက်တွင် ပျော်ရွှင်မှုဆိုသောအရာသည်သာပြည့်နှက်နေပြီး ဆဲလ်ကလေးများ၏ပို့ဆောင်မှုကြောင့် နှလုံးသားထံရောက်ရှိသည့်အခါမှာတော့ အချစ်အဖြစ်ပြောင်းလဲသွားလေသည်...။

*****

ကောင်လေးတစ်ယောက်ဟာသူ့ရဲ့အိပ်ရာတွင်လဲလျောင်းကာ အခန်းတံခါးဝရှိdream catcherလေးအားအဓိပ္ပာယ်မဲ့စွာကြည့်နေလေသည်။

သူ့ရဲ့နှုတ်ခမ်းလေးများကော့တက်နေသည်မှာ သူပျော်ရွှင်နေသည်ကိုဖော်ပြနေသလို။သို့သော်တစ်ခြားကောင်လေးလို သူ့ရဲ့ပျော်ရွှင်မှုတွင် အချစ် ၊ မေတ္တာ ၊ အကြင်နာတို့အနည်းငယ်မျှပင် ရောစပ်မနေပါ ။

သူ့ရဲ့ပျော်ရွှင်မှုဟာပြိုင်ဖက်ကိုနိုင်တော့မည့်ကစားသမားတစ်ယောက်၏ပျော်ရွှင်မှုပင်...။

သူ့ရဲ့ရင်ခုန်ခြင်းဟာပြိုင်ဖက်ကျရှုံးမည်ကိုမြင်ရတော့မည့်အနိုင်ရသူတစ်ယောက်၏ရင်ခုန်မှုပင်...။

သူ့ရဲ့အသိဉာဏ်သည်ပြိုင်ဖက်၏နာကျင်ခြင်းကိုသာ လိုလားဦးတည်သည်...။

သူ့ရဲ့ဦးနှောက်သည် ပြိုင်ဖက်အား အလဲလဲအပြိုပြို ဖြစ်စေရန် မည်သို့မည်ပုံလုပ်ရမည်နည်းဟုသာတွေးတောသည်...။

ဤတစ်ခါတော့ ခန္ဓာကိုယ်မှဆဲလ်ကလေးများသည် နှလုံးသား၏ဆန္ဒကိုမေးကြည့်ရန် မေ့လျော့ခဲ့လေသည်...။

*****

နှလုံးသားရေးတဲ့အချစ်ပန်းချီ Where stories live. Discover now