Part 12

3.1K 155 15
                                    


ဒီနေ့...
ဒီနေ့ဟာ ဆရာဝန်ကြီးပေးထားသည့် သုံးရက်မြောက်သောနေ့...
ကျွန်တော့ကိုမည်သူမျှမဆက်သွယ်လာခဲ့သလို ဆေးရုံမှလည်းအလှူရှင်မရခဲ့။

ကျွန်တော် ဆေးရုံကော်ရစ်ဒါလမ်းပေါ်ရှိ ခုံတန်းလေးပေါ်တွင် အသက်မဲ့စွာထိုင်နေမိသည်။

ကျွန်တော် ကြောက်သည်...
ကျွန်တော့ညီလေးကိုဆုံးရှုံးရမည်ကိုကျွန်တော် သေအောင်ကြောက်သည်...

ထိုအချိန် ကျွန်တော့ပုခုံးကိုလာဆုပ်ကိုင်သော လက်တစ်စုံ။ကျွန်တော် မော့ကြည့်လိုက်တော့...

"ခေတ်''
ခေတ်က ဘေးခုံတွင်ဝင်ထိုင်ကာ

"ကြောက်နေတာလား...''
လို့ တည်ငြိမ်စွာမေး၏...။

ကျွန်တော် နားမလည်ဘူး။

ဘာလို့ ခေတ်အသံက အဲ့လောက်အေးဆေးနေရတာလဲ...

ဘာလို့ ခေတ်မျက်လုံးတွေ အဲ့လောက်တည်ငြိမ်နေရတာလဲ...

ဘာလို့ ခေတ်မျက်နှာမှာ စိုးရိမ်ပူပန်မှုတွေ မရှိရတာလဲ...

ကျွန်တော် ကြောင်အစွာခေါင်းငြိမ့်မိတော့...

"မကြောက်ပါနဲ့ ကိစ္စတွေက သူ့အလိုလို ပြန်ကောင်းသွားမှာပါ''

ဟင်...
ဒါ ဘာစကားကြီးလဲ...
ဒါ အခုဖြစ်နေတဲ့အခြေအနေနဲ့ လုံးဝမသက်ဆိုင်တဲ့စကားလေ...

"ခေတ် ယံ့အတွက်ပေးထားတဲ့ရက်က ဒီနေ့နောက်ဆုံးလေ... အခုထိငါတို့အလှူရှင်မရသေးဘူးနော်...''

ကျွန်တော် သိပြီးသားကိစ္စတစ်ခုကို အတည်ပြုသလို ထပ်ပြောကြည့်တော့ ခေတ်မှ နောက်တစ်ကြိမ်ထပ်ပြုံးကာ

"စောင့်ကြည့်နေလိုက်ပါ ပိုင်ပိုင်ရာ...
အခုတော့ မင်း ငါ့အိမ်ကိုသွားပေးပါ''

ကျွန်တော် ခေတ်စကားများကို လုံးဝနားမလည်...။သို့ပေမဲ့ ကျွန်တော်တို့သူငယ်ချင်းဘဝတုန်းက ခေတ် ကျွန်တော့ကိုခေါ်ခဲ့သည့်အမည်နာမလေးအား ပြန်ကြားလိုက်ရ၍ ပျော်ရွှင်မှုက မထိန်းနိုင် မသိမ်းနိုင်...။

"ဘာလုပ်ဖို့လဲ''

"ငါ့အခန်းထဲက စာကြည့်စားပွဲရဲ့အံဆွဲထဲမှာ notebookအနက်ရောင်လေးရှိတယ် ကျေးဇူးပြုပြီးအဲ့ဒါကိုယူလာပေးပါ''

နှလုံးသားရေးတဲ့အချစ်ပန်းချီ Where stories live. Discover now