Part 13

3.7K 158 5
                                    

ဆေးရုံကော်ရစ်ဒါလမ်းလေးပေါ်တွင် ကောင်လေးတစ်ယောက်ဟာ ဆောက်တည်ရာမဲ့စွာ ပြေးလွှားနေလေရဲ့...။

သူအင်မတန်ထိတ်လန့်နေသည်ကို သူ့ပါးပေါ်ကမျက်ရည်များနှင့် တုန်ယင်နေသောသူ့လက်ချောင်းလေးများက သက်သေထူပေးနေသည်။

ငါ...ငါ တားရမယ်
ငါ ခေတ်ကိုတားရမယ်
သူ...သူ အခု ဘယ်...ဘယ်မှာရှိနေမလဲ
ခွဲ...ခွဲစိတ်ခန်း ဟုတ်တယ် ခွဲစိတ်ခန်းမှာ...
ငါ ခွဲစိတ်ခန်းကိုသွားရမယ်
ခွဲစိတ်ခန်းက ဘယ်...ဘယ်မှာလဲ

သူ ထိတ်လန့်စွာပြေးနေမိစဉ် တစ်ဖက်လမ်းမှလျှောက်လာသောnurseမလေးတစ်ယောက်။သူ ထိုnurseမလေး၏လက်အားဆွဲကာ ပြာပြာသလဲမေးမိသည်။ သူ ကြောက်ရွံ့နေသောကြောင့် သူ့စကားလုံးများသည် ပီပြင်မှာမဟုတ်သလို ဖမ်းဆွဲလိုက်သောသူ့လက်များသည်လည်း နူးညံ့မှုရှိမည်မဟုတ်...။

"ဟို...ဟို ဆရာမ ခွဲ...ခွဲခန်း ဘယ်...ဘယ်မှာလဲ''

nurseမလေးမှ မျက်ရည်များတစ်ပေါက်ပေါက်ကျနေပြီး အရူးတစ်ယောက်လိုဖြစ်နေသောကျွန်တော့အား ကြောင်အစွာကြည့်ကာ

"ခွဲခန်းကအောက်ထပ်မှာပါ ဓာတ်လှေကားကဆင်းသွားတာနဲ့ရောက်ပါပြီ''

"ဓာတ်...ဓာတ်လှေကားက ဘယ်...ဘယ်မှာ...''

ကျွန်တော့စကားတွေသည် မပီပြင်မချောမွေ့သော်လည်း

"ဟိုရှေ့မှာလေ''

ကျွန်တော်နဲ့မနီးမဝေးက ဓာတ်လှေကားကိုညွှန်ပြလာသော nurseမလေး။

ကျွန်တော် လူမှုရေးအရ ''ကျေးဇူးတင်ပါတယ်'' လို့တောင်မပြောနိုင်ဘဲ ပြာပြာသလဲ ထိုဓာတ်လှေကားဆီ ပြေးလာခဲ့မိသည်။

ကျေးဇူးပြုပြီး ကျွန်တော် နောက်မကျပါစေနဲ့...

*****

စိမ်းသက်သက်ခွဲခန်းထဲတွင်တော့ ကျွန်တော်မှအပ...လက်ထောက်ဆရာဝန်တစ်ယောက်နှင့် အကူတစ်ယောက်သာရှိသေးလေသည်။

ကျွန်တော့အား ထိုလက်ထောက်ဆရာဝန်မှ

"ညီလေး ကြောက်နေလား...''

ကျွန်တော် ခေါင်းခါပြလိုက်သည်။ကျွန်တော် လုပ်ခဲ့တဲ့ကိစ္စတစ်ခုအတွက် ကျွန်တော်ခံနိုင်ရည်ရှိပါသည်။

နှလုံးသားရေးတဲ့အချစ်ပန်းချီ Where stories live. Discover now