Part 10

3.2K 154 4
                                    

ဆေးရုံခန်းတစ်ခု၏ရှေ့တွင် ကောင်လေးတစ်ယောက်ရပ်နေလေရဲ့...။

ထိုကောင်လေး၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများစွာပြည့်နှက်နေသည်မှာအတိုင်းသား...။

သက်ပြင်းတစ်ချက်ချ၍ တံခါးလော့အားဖွင့်ကာ အထဲသို့ဝင်သွားတော့ စတင်ခံစားလိုက်ရတာက ဆေးအနံ့။

အခန်းထဲတွင် ခုတင်တစ်လုံးနှင့် လူနာစောင့်ထိုင်ခုံ ၊ စားပွဲတစ်လုံးနှင့် ဆိုဖာတစ်လုံးရှိလေသည်...။

ထိုခုတင်တွင် ခေါင်းတွင်ပတ်တီးစည်းထားရပြီး ခြေ ၊ လက်အစုံတွင် ပတ်တီးတစ်ဖွဲသားနှင့် ကောင်လေးတစ်ယောက်လဲလျောင်းနေလေရဲ့...။သူ့ဘယ်ဘက်လက်မောင်းလေးအတွင်းသို့ dripပိုက်မှတစ်ဆင့် ဆေးများဟာ တစ်စတစ်စစီးဝင်နေသည်။

ထိုကောင်လေးဘေးရှိ လူနာစောင့်ထိုင်ခုံလေးတွင်တော့ နောက်ထပ်ကောင်လေးတစ်ယောက်ဟာ အသက်မဲ့စွာ ထိုင်နေပြီး လဲလျောင်းနေသောကောင်လေး၏ ပတ်တီးများဖြင့်ဖုံးအုပ်ထားသော ဘယ်ဘက်လက်ဖဝါးလေးအား လွတ်ထွက်သွားမှာစိုးမည့်အလား သူ့လက်နှစ်ဖက်စလုံးဖြင့် ဆုပ်ကိုင်ထားလေရဲ့...။

သူထိုင်နေသောခုံလေးရဲ့အရှေ့က စားပွဲလေးပေါ်တွင်တော့ အနည်းငယ်မာနေဟန်ရှိသောပေါင်မုန့်နှစ်ချပ်နှင့် အငွေ့ပြယ်သွားပြီဖြစ်သော ကော်ဖီတစ်ခွက်။

မင်းဆက်ပိုင် နောက်ထပ်တစ်ကြိမ်သက်ပြင်းချကာ ခေတ်သစ်သွေးနားသို့ သွား၍

"ခေတ်''

လို့ခေါ်လိုက်တော့ လှည့်ကြည့်လာလေရဲ့...။

"အခုထိ မနက်စာမစားသေးဘူးလား 11နာရီထိုးနေပြီလေ'

လို့ သတိပေးလိုက်တော့ ခေါင်းခါပြီး ဟိုဘက်ပြန်လှည့်သွားပြန်လေသည်။

"ခေတ်ရယ် မင်း မနေ့တည်းက မအိပ်ရသေးဘူးလေကွာ...''

မနေ့က မီးဆိုင်းပြုတ်ကျစဉ် ခေတ်ကို အဝေးသို့ တွန်းထုတ်လိုက်သောယံ...။
ခေါင်းကိုထိခိုက်မိသည့်အပြင် ခြေလက်များသည်လည်း ဖန်ကွဲစအရာများနှင့်...။

ကျွန်တော်ကတော့ ခေတ်ရဲ့ကိုယ်ပေါ်ကသာ အုပ်မိုးလိုက်သောကြောင့် ဖန်ကွဲစအနည်းငယ် ကျောပေါ်သို့ စိုက်မိသည်ကလွဲ၍ အခြားထိခိုက်မှုမရှိ...။ ယံ့မိဘများဖြစ်သည့် အန်တီနှင်းတို့ကလည်း နယ်ဘက်သို့ စီးပွားရေးအရ ခရီးထွက်နေသဖြင့် ယခုမှပြန်လာနေကြလေရဲ့...။

နှလုံးသားရေးတဲ့အချစ်ပန်းချီ Where stories live. Discover now