Part 2

6.2K 257 5
                                    

ခေတ်သစ်သွေး ဒဏ်ရာတွေကိုဆေးထည့်ပြီးကျောင်းဆေးခန်းမှထွက်လာခဲ့သည်။ဒါတောင် အမတော်ကဆုံးမလို့မပြီးသေး။ပြောတဲ့သူမော ၊ မမော ကျွန်တော်မသိ။ နားထောင်ရတဲ့ကျွန်တော်ကတော့တော်တော်မောသည်။

ကျောင်း၏ဘယ်ဘက်အစွန်းပိုင်းတွင်ရှိသောကျောင်းဆေးခန်းမှညာဘက်အစွန်းပိုင်းတွင်ရှိသောSpecial Classဆီလမ်းလျှောက်ရသည်မှာ အနည်းငယ်လှမ်းသော် ငြား အလွန်သာယာသည်။ကတ္တရာလမ်းလေးပေါ်တွင် ယနေ့မှမွေးသဖခင်ကြောင့်ထူးထူးခြားခြားဝတ်လာရသောကျောင်းအင်္ကျီအဖြူ ၊ လုံချည် ၊ သားရေဖိနပ်လေးနှင့်လျှောက်လှမ်းနေရသည်မှာယခင်ထက်ပို၍လွတ်လပ်နေသယောင်။ယခင်ကလို ဝတ်ရသည်ကိုမကြိုက်သော်ငြား styleဖမ်းရန်ဝတ်ခဲ့တဲ့ black leather shoesမရှိ၍ ခြေထောက်မှပူပြင်းပြင်းခံစားချက်ကြီးကိုလည်းမရ။ယခင်ကလို ကျောင်းအင်္ကျီအဖြူပေါ်တွင်jacketဝတ်ထားသောကြောင့်ပူအိုက်မနေ။ထို့ကြောင့်ဒဏ်ပေးသည်ဆိုပြီးဤပုံစံဝတ်ခိုင်းခဲ့သည့်မွေးသဖခင်ကို ဤမနက်ကမကျေနပ်ခဲ့သော်ငြား ခုတော့ကျေးဇူးတင်မိသလိုလို...။

လေအတိုက်တွင်တလွင့်လွင့်နှင့်လှုပ်ယမ်းနေသောနိုင်ငံတော်အလံနှင့် တစ်ခါမှမဖတ်ဖူး၍ဘာရေးထားမှန်းမသိသောကျောက်စာကြီးဟာလည်းအလွန်ပသာဒဖြစ်ဖွယ်​ကောင်းသည်။အပင်ပုများဖြစ်သည့်အချစ်ရဲ့သင်္ကေတဆိုတဲ့နှင်းဆီပင်မှအပွင့်များသည်လည်း သူပြိုင် ကိုယ်ပြိုင်လှပနေကြသည်။တန်းပေါ်တွင်အိုးကိုကြိုးနှင့်ချိတ်ဆွဲပြီးအလှစိုက်ပျိုးထားသောသစ်ခွပန်းများသည်လည်း အဖြူ ၊ အစိမ်း ၊ ခရမ်း ၊ ပန်းရောင်စသည်ဖြင့်အရောင်အသွေးစုံလင်စွာဖူးပွင့်ဝေဆာနေလေသည်။ဗန်ဒါပင်ကြီးသည်လည်းစာသင်နှစ်၏တစ်ဝက်ကိုရောက်ခါနီး၍ရွက်ဝါရွက်နီများနှင့်လွမ်းမောဖွယ်ရာကောင်းလှသည်။ကျောင်းကြီးမဆောက်လုပ်ခင်ကတည်းကပေါက်နေသည်ဟု သူများတွေပြောကြသည့် တရုတ်စကားပင်သည်လည်းအစိမ်းရောင်အရွက်ကိုရှာ၍မရလောက်အောင်ပန်းရောင်ပွင့်ချပ်များဖြင့်ပြွတ်သိပ်လျှက်...။ထိုအပင်များကိုရေလောင်းနေသောကျောင်းစောင့်ဦးလေးကြီးကြောင့်အပင်များသည်မိုးသောက်ဝေလီဝေလင်းချိန်ကဲ့သို့စိမ်းစိုနေပြန်သည်။ခေတ်သစ်သွေး ကျောင်းရူခင်းတွေကိုကြည့်ရင်းလမ်းလျှောက်လာခဲ့ရာ Special Classဆီ မသိလိုက်ခင်တွင်ပင် ရောက်လာခဲ့သည်။

နှလုံးသားရေးတဲ့အချစ်ပန်းချီ Donde viven las historias. Descúbrelo ahora