Part 9

3.1K 156 5
                                    

ဒီနေ့...
ကျောင်းသားကျောင်းသူများစောင့်မျှော်နေသောဒီနေ့...
ဒီနေ့ဟာ နှစ်ဝက်စာမေးပွဲပြီးသည့်နေ့ တဖြစ်လဲ D Dayပင်။

ကျွန်တော် စာမေးပွဲပြီးတော့အရမ်းအိပ်ချင်နေ၍ အိမ်သို့သာတန်းပြန်လာခဲ့သည်။

အိမ်ရောက်တော့စာမေးပွဲဖြေနိုင်လားလို့မေးလာကြသောမိဘများကိုလဲ စာပြန်မစစ်ရသေးသော်ငြား ဖြေနိုင်သည်ဟုသာဂျင်းထည့်လိုက်သည်...။

ကုတင်ပေါ်ပစ်လှဲချလိုက်ရာ အိပ်ရေးပျက်တာများခဲ့လို့လားမသိ...တစ်ခဏတွင်ပင်အိပ်ပျော်သွားလေသည်။

ဒေါက် ဒေါက် ဒေါက်

"မိုး​သောက်​ သားရေ သား''

ကျွန်တော် နှစ်ခြိုက်စွာအိပ်ပျော်နေစဉ် အမေ့ရဲ့ခေါ်သံကြောင့်နိုးလာခဲ့သည်။စိတ်မကြည်မလင်နှင့်မျက်လုံးကိုမဖွင့်သေးဘဲ

"ဘာလဲ မေမေရာ သား အိပ်ချင်သေးတယ်''

"အောက်မှာသားသူငယ်ချင်းရောက်နေတယ် သားရဲ့''

သူငယ်ချင်း? ဘယ်ကသူငယ်ချင်းလဲ? ကျွန်တော့အိမ်ကိုသိတာ ကိုဆက်နဲ့သူရနှစ်ယောက်ထဲပင်...။သူတို့နှစ်ယောက်ဆိုရင်လည်းမေမေကသူငယ်ချင်းလို့ပြောစရာအကြောင်းမရှိ...။

ကျွန်တော် အတွေးများစွာနှင့် မျက်လုံးကိုမဖွင့်ချင် ၊ ဖွင့်ချင်ဖွင့်ကာ အောက်ထပ်သို့လေးပင်စွာဆင်းလာခဲ့သည်။လှေကားကဆင်းပြီးဧည့်ခန်းကိုအကြည့်
.
.
.
ကျွန်တော့မျက်လုံးများဆယ်ဆလောက်ပြူးကျယ်သွားရသည်။

ဟင်...ကိုခေတ်...
ကိုခေတ်ကဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ...
ငါ့အိမ်ကိုကောဘယ်လိုသိတာလဲ...
အခုရော ဘာလာလုပ်တာလဲ...

ကျွန်တော် မြောက်မြားလှစွာသောမေးခွန်းများအား စဉ်းစားနေသော်ငြား ကျွန်တော့ပါးစပ်မှတစ်လုံးမှထွက်မလာခဲ့...။

လှေကားထစ်တွင်ကြောင်ကြည့်နေသောကျွန်တော့အားမေမေမှ
"သား အဲ့မှာဘာလုပ်နေတာလဲ လာလေ''ဟုခေါ်သည်။

ကျွန်တော် မယုံနိုင်ခြင်းများစွာနှင့်ပင် ​မေမေ့ဘေးဆိုဖာတွင် ဝင်ထိုင်လိုက်သည်။

နှလုံးသားရေးတဲ့အချစ်ပန်းချီ Tempat cerita menjadi hidup. Temukan sekarang