အရင်လိုလန်းလန်းဆန်းဆန်းတက်တက်ကြွကြွမရှိသောသူငယ်ချင်းမင်းဆက်ပိုင်ကြောင့် ခန့်မင်းစံရင်မောမိသည်။အမြဲတမ်းငူငိုင်နေပြီး စိတ်တွေကပြန့်ကျဲနေတတ်သည်။ခေါ်ရင်လဲ တော်တော်နှင့်မကြား။စာသင်ချိန်များတွင် အရယ်အပြုံးအပြောအဆိုမရှိ စာကိုသာ တစ်စိုက်မတ်မတ်နားထောင်နေတတ်သောမင်းဆက်ပိုင်သည်စက်ရုပ်တစ်ရုပ်အလား...။အားလပ်ချိန်များတွင်လည်း တစ်ခုခုကို အဓိပ္ပါယ်မရှိငေးကြည့်နေတတ်ကာ အသိစိတ်မရှိသောလူတစ်ယောက်လိုပင်...။မေးကြည့်တော့လည်းဘာမှပြန်မဖြေ။ခေါင်းသာခါပြသည်။
မဖြစ်တော့ပါဘူး ဟိုကောင်လေးနဲ့ပြသနာတက်နေလို့လားမသိဘူး တွေ့ရင်မေးကြည့်မှပါ...
*****
"ခေတ်သစ်သွေး မင်းသောကြာနေ့တုန်းကလှုပ်ရှားပြီးကတည်းက ခုဗုဒ္ဓဟူးနေ့အထိဘာမှမလုပ်ဘူးနော် မဟုတ်မှလွဲရော လက်လျော့လိုက်ပြီလားဟင်''
ဟု ကျွန်တော်အောင်ခေတ်ပိုင် မျှော်လင့်ခြင်းကြီးစွာဖြင့် သူငယ်ချင်းဖြစ်သူအား မေးလိုက်သော်လည်း"ဘယ်ကသာကွာ ငါစောင့်နေတာကွ ဒီနေ့projectစမှာလေ''
ဟုမဲ့ပြုံးပြုံးကာပြောလာသောခေတ်သစ်သွေးကြောင့် ထိုင်ပါငိုချင်သွားသည်။ဆုံးဖြတ်ချက်ကိုလုံးဝမပြင်တော့ဘူးပဲ...ခေတ်ရယ် အဆုံးသတ်မှာမင်းတို့သုံးယောက်လုံးနာကျင်ရမှာကို ငါ မင်းနားလည်အောင််ဘယ်လိုရှင်းပြရမလဲကွာ...
"Aww အေးပါ ဒါနဲ့ဒီနေ့ကဘာလုပ်မလို့လဲ''
"ငါ သူနဲ့လျှောက်လည်မလို့''
"လျှောက်လည်မယ် ဘယ်ကိုလဲ သူ့ကိုရောပြောပြီးပြီလား''
"ဘယ်နေရာဆိုတာတော့အတိအကျမသတ်မှတ်ရသေးဘူး ပြောပြီးပြီ တနင်္လာနေ့ကတည်းက''
"ဟင် မင်း တနင်္လာနေ့တုန်းကသူ့အတန်းမသွားဘူးမဟုတ်လား''
"ဟင့်အင်း အဲ့နေ့တုန်းကငါ ငါ့အဖေရဲ့ရုံးခန်းကိုသွားတာမှတ်မိလား ရုံးခန်းမှာဘယ်သူမှမရှိတာနဲ့ ကျောင်းသားစာရင်းမှာသူ့phone no.ရှာလာတာ သူ့ကိုသောကြာနေ့ကမမေးလိုက်ရလို့ အဲ့တာအဲ့ညကျတော့ဖုန်းပြောပြီးမနေ့ကချိန်းလိုက်တာ''
YOU ARE READING
နှလုံးသားရေးတဲ့အချစ်ပန်းချီ
Romanceမင်းဆက်ပိုင်-ငါ့ရဲ့နှလုံးသားကို တစ်ခါလောက်ပဲဖြစ်ဖြစ် မင်းမြင်အောင်ကြည့်ပေးပါလား မိုးသောက်ယံ-ကျွန်တော် အကို့ကို အသက်ထက် ပိုချစ်တယ် ခေတ်သစ်သွေး-နှလုံးသားဆိုတာပြောင်းလဲတတ်လား [THE COVER IS THE PHOTO OF MY PRECIOUS OTP,KRISTSINGTO BUT THE FICTION IS...