Part 7

3K 177 7
                                    

ကျွန်တော် သူ့အားဦးထုပ်ဆောင်းပေးနေတုန်းက တဒုတ်ဒုတ်အသံလေးကိုဝိုးတိုးဝါးတားကြားလိုက်ရ၍​ ပျော်မိသလို။

သူ့လက်ကလေးများအားဖမ်းကိုင်ပြီး ကျွန်တော့ခါးကိုဖက်ခိုင်းလိုက်တော့လည်း အနှီကောင်လေးမှမရဲတရဲဖက်လာလေရဲ့...။

ကောင်လေးရဲ့မိန်းကလေးသာသာ နူးညံ့လွန်းလှသောလက်ဖဝါးနုနုလေးတွေကို အသည်းယားမိသည်ကို​တော့ ဝန်​ခံပါသည်​...။

နုဖတ်နိုင်လွန်းတယ် မထိရက်နိုင်လောက်အောင်...

နူးညံ့နိုင်လွန်းတယ် ကြွေရုပ်ကလေးလို့ထင်ရလောက်အောင်...

ချစ်ဖို့ကောင်းလွန်းပါတယ်
ဒါ​ပေမဲ့...

"ညီ ကိုယ်တို့ပန်းခြံကိုအရင်သွားမလား...''

"ပန်းခြံ... အော်... အရှေ့နားကပန်းခြံလား...''

"Omm''

"ဟုတ်ကဲ့ သွားမယ်လေ''

"Okay လိမ္မာတယ်''

ခေတ်သစ်သွေး နောက်လှည့်မကြည့်သော်လည်း...ကောင်လေးပြုံးနေမည်ကိုကြိုသိပါသည်။

"အော်..ဒါနဲလေ..ညီ့ကို..ကိုယ်နာမည်ပြောင်းခေါ်လို့ရလား''

"ဟင်..ကိုခေတ်ကဘယ်လိုခေါ်ချင်လို့လဲ..ကိုဆက်ခေါ်သလို ''ယံ'' လား ဒါမှမဟုတ်...''

"ကလေး''

"ဟင်''
သူ့အမေးမဆုံးခင် ကြားဖြတ်ပြောလိုက်သောကျွန်တော့ကြောင့် သူမှင်သက်သွားသည်။

"ကလေး.. ကိုယ် ညီ့ကို ကလေးလို့ခေါ်ချင်တာ..''

ကျွန်တော့စကားဆုံးတော့ အောက်သို့ငုံ့သွားသောဦးခေါင်းလေးအား backမှန်မှတစ်ဆင့်တွေ့ရသည်။ထို့အတူ...ကျွန်တော့ကိုဖက်ထားသောလက်ကလေးများသည်လည်း အနည်းငယ်တွန့်ဆုတ်သွားလေသည်။

"ကိုယ်တောင်းပန်ပါတယ်...ညီ
ညီ မကြိုက်ရင်...''

"ရပါတယ်''

"ဟင်​...''

ကျွန်တော် နားမလည်စွာပြန်မေးလိုက်သည်။

"ကျွန်တော့ကို...က...ကလေးလို့ခေါ်လို့ရပါတယ်''

ရှက်ကိုးရှက်ကန်းလေးနှင့်အထစ်ထစ်အအအပြောလာသောကောင်လေး။

နှလုံးသားရေးတဲ့အချစ်ပန်းချီ Where stories live. Discover now