Final

8.4K 208 24
                                    

မတူညီတဲ့အမည်နာမနှစ်ခုနဲ့ ကျွန်တော့ကိုခေါ်လာသော ကျွန်တော်အချစ်ရဆုံးသူများ...

မိုး​သောက်​တဲ့လား...ကိုခေတ်

ကျွန်တော်ဝမ်းနည်းနေလို့မဖြစ်။
ကျွန်တော် ဖြေရှင်းရမဲ့ကိစ္စတစ်ခုရှိနေသည်။
ထို့ကြောင့်ပင် ငိုချင်လာသောမျက်လုံးများကိုထိန်းကာ နှစ်ယောက်ရှေ့သွား၍ လက်ထဲတွင်ကိုင်ထားသောစာအုပ်လေးနှင့် စာလေးအားမြှောက်ပြပြီး...

"ကျွန်တော် ယူထားတာ"
ဟု တူညီသောစကားအား နောက်တစ်ကြိမ်ထပ်ပြောလိုက်သည်။

ကိုခေတ်မှ ကြောက်ရွံ့စွာမေးလာလေရဲ့...။ကျွန်တော်ချစ်သော ထိုမျက်နှာချောချောတွင်တော့ ထိတ်လန့်နေသောအရိပ်များ။

"ဖတ်...ဖတ်ပြီးပြီလား''

ကျွန်တော် ခေါင်းညိတ်ပြလိုက်တဲ့အခါ ကိုခေတ်ရဲ့ခန္ဓာကိုယ်လေးသည် တစ်ချက်တုန်ယင်သွားခဲ့သည်။

ကိုဆက်က သက်ပြင်းတစ်ချက်ချကာ

"ယံ ကိုယ်...''

ကျွန်တော် လက်ကာပြလိုက်ကာ...

"ကျွန်တော်ပြောစရာရှိသေးလို့ ကိုဆက်''

ကျွန်တော် ကိုခေတ်အားတည့်တည့်စိုက်ကြည့်ရင်း...

"ကိုခေတ် ဒီအရာတွေကို ကျွန်တော် အခုမှသိတယ်ထင်နေတာလား...''

ကျွန်တော်ပြောလိုက်တော့ ကျွန်တော့ကိုစိုးထိတ်စွာအကြည့်လွှဲနေခဲ့သောကိုခေတ်က အထိတ်တလန့်ကျွန်တော့ကိုကြည့်လာခဲ့သည်။

"ကျွန်တော်တို့စကားပြောတဲ့အချိန်တွေ ၊ ကျွန်တော်နဲ့ရှိနေတဲ့အချိန်တွေမှာ တစ်ခုခုကိုအမြဲစဉ်းစား​နေတတ်တဲ့ကိုခေတ် ၊ နောက်ဆုံး ကျွန်တော့ကိုပန်းခြံထဲမှာချစ်ခွင့်ပန်တဲ့အချိန်ထိ ကိုခေတ် ကျွန်တော့ကိုဂရုမစိုက်ခဲ့ဘူး...။အကြိမ်တိုင်း...အကြိမ်တိုင်းမှာ ကိုခေတ်စိတ်ထဲမှာ ကျွန်တော်မရှိဘူး။ ကျွန်တော်လေ ကိုခေတ် ကျွန်တော့ကို ကစားနေတာလားလို့ အမြဲတွေးခဲ့ဖူးတယ်။ ဒါ...ဒါပေမဲ့ ဒီနှလုံးသား...ဒီအသုံးမကျတဲ့နှလုံးသားက အမြဲငြင်းဆန်တယ်။သူ ငါ့ကိုချစ်ပါတယ်လို့ အမြဲလိမ်ပြောတယ်။နောက်ဆုံး ကျွန်တော့ကိုမချစ်ဘူးဆိုရင်တောင် ကိုခေတ်အနားမှာ တစ်သက်လုံးမျက်နှာပြောင်တိုက်နေသွားဖို့အထိ ဆုံးဖြတ်တယ်။ ကျွန်တော်လေ ကိုခေတ်ရင်ထဲမှာရှိနေတဲ့တစ်ယောက်ကို အရမ်းအားကျခဲ့ရတာ...။ ကျွန်တော့ကို လိမ်ညာပြီးချစ်တယ်လို့ပြောရလောက်အောင် ကိုခေတ်ကိုပင်ပန်းစေတဲ့သူကို ကျွန်တော်သိပ်မုန်းခဲ့တာ...။ဒါ...ဒါပေမဲ့ အဲ့လူက ကိုဆက်ဖြစ်နေမှန်း ကျွန်တော်လုံးဝမသိခဲ့ဘူး...။ Ahak! လတ်စသတ်တော့ ကျွန်တော်က ချစ်သူနှစ်ယောက်ကြားမှာပိတ်မိနေတဲ့အရူးပဲ''

နှလုံးသားရေးတဲ့အချစ်ပန်းချီ Where stories live. Discover now