Part 5

3.5K 196 5
                                    


လွန်ခဲ့သောတစ်နှစ် ကျွန်တော့မိဘများ၏စီးပွားဖက်ကုမ္ပဏီတစ်ခုရဲ့ထမင်းဖိတ်ကျွေးမှုကြောင့် ကျွန်တော်မင်းဆက်ပိုင် အပါအဝင် တစ်မိသားစုလုံး ထိုအိမ်သို့သွားခဲ့ကြသည်။ခြံရှေ့ကားရပ်လိုက်တဲ့အခါမှာတော့ အလွန်ကြီးမား၍ခန့်ညားထည်ဝါသောအိမ်ကြီးတစ်အိမ်အား တွေ့ရလေသည်။ထိုအိမ်ကြီးရှေ့တွင်ဂုဏ်သိက္ခာအပြည့်ရှိသောဦးလေးတစ်ယောက်နှင့်အန်တီတစ်ယောက်ရပ်နေပြီး အနောက်မှခြံစောင့်များ ၊ အိမ်ဖော်များကတော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကိုပုံဖော်ပြနေသယောင်။ဂုဏ်ပကာသနတွေကိုမနှစ်မြို့သောကျွန်တော့အတွက်တော့ ဒါတွေကအထင်ကြီးစရာမြင်ကွင်းတစ်ခုဟုတ်မနေ။အဖေနှင့်အမေမှ ထိုသူတို့အား ဖက်လဲတကင်းနှုတ်ဆက်နေကြသော်ငြား ကျွန်တော်ကတော့ အနောက်တွင် တည်တည်ကြီးသာရပ်နေမိသည်။ထိုအန်တီမှ ကျွန်တော့အား သတိထားမိသွားဟန်ရှိပြီး

"သူဇာ ဒါသူဇာ့သားလေးလား''

"ဟုတ်တယ် အစ်မရေ သားဆက် နှုတ်ဆက်လိုက်ဦးလေ''ဟုပြောလာရာ

"မင်္ဂလာပါ ကျွန်တော့နာမည်မင်းဆက်ပိုင်ပါ ကျွန်တော်၈တန်းတက်နေတာပါ''ဟုတိုတိုတုတ်တုတ်နှုတ်ဆက်လိုက်သည်။ဆက်၍ထိုအန်တီကြီးမှ

"သားလေးကချောလိုက်တာ အရပ်ကလည်းအမြင့်ကြီးပဲ''ဟုပြောလာရာ ကျွန်တော်ပြုံး၍ပင်တုံ့ပြန်လိုက်သည်။

ဦးလေးမှ "ကဲ ကဲ အိမ်ထဲဝင်ကြရအောင်လေ''ဟုဆိုလာ၍အဖေ ၊ အမေတို့အိမ်ထဲဝင်သွားကြသော်လည်း ကျွန်တော်ကတော့ ခပ်လှမ်းလှမ်းမှ ရေတံခွန်သေးသေးလေးကို သွားကြည့်မိသည်။

​ကျောက်တုံးလေးများပေါ်မှရေစီးကျလာပုံလုပ်ထားသောရေတံခွန်လေးသည် သေးသော်ငြား လှပသည်။ကျောက်တုံးများအောက်တွင်အဖြူ ၊ အစိမ်း ၊ အပြာ ၊ ပန်းရောင်စသောကျောက်စရစ်ခဲလေးများကိုဖြန့်ကျဲထားသေးသည်။ ကျွန်တော်စီးကျလာသောရေများကိုလက်နှင့်ထိကြည့်မိရာ အရမ်းကြီးအေးသည်မဟုတ်သော်ငြား ကျွန်တော့ရင်ကိုအေးမြသွားအောင်တော့စွမ်းဆောင်နိုင်သည်။

​ရေတံခွန်လေးဘေးတွင် နှင်းဆီပန်းပင်များကိုအရောင်မျိုးစုံစိုက်ပျိုးထားသည်မှာ မြင်ရသူအဖို့ စိတ်ကြည်နူးလန်းဆန်းစေလေသည်။

နှလုံးသားရေးတဲ့အချစ်ပန်းချီ Where stories live. Discover now