ကျွန်တော် မမှားပါဘူး...
ဟုတ်ပါတယ် ကျွန်တော် ကိုခေတ်ကိုအဖြေပေးလိုက်တာမမှားပါဘူး...
ကျွန်တော်ချစ်တဲ့သူကိုအဖြေပေးလိုက်တာမမှားပါဘူး...
ကျွန်တော် သူ့ကိုချစ်တာပဲလေ...
ဒါပေမဲ့ သူကရော...
သူကရော ကျွန်တော့ကိုချစ်ပါ့မလား...
သူ ကျွန်တော့ကိုလှည့်စားနေတာဆိုရင်...
ဟင် မိုးသောက်ယံ မင်းဘာတွေတွေးနေတာလဲ...
မင်း ကိုခေတ်ကိုချစ်တယ်ဆိုရင်ဒီလိုတွေမတွေးသင့်ဘူးလေ...
ဒါ မင်း ကိုခေတ်ရဲ့အချစ်ကိုစော်ကားတာပဲ...
ဟုတ်တယ် မင်းမှားတယ် မိုးသောက်ယံ
"မိုးသောက်ယံ မိုးသောက်ယံ..."
မိုးသောက်ယံ သူ့အားမတိုးမကျယ်ခေါ်သံကြောင့်
"ဟင် ဘာလဲ ဟိန်းသူရ''
"မင်း စာကိုမှစိတ်မဝင်စားတာ... ဆရာမ တွေ့မှာစိုးလို့ သတိပေးနေတာ...''
"အော် အေး ကျေးဇူးပဲ''
လို့ကျွန်တော်ဆိုလိုက်တော့ ဟိန်းသူရမှခေါင်းညိတ်ပြလာလေရဲ့...။
ကျွန်တော် စိတ်တွေကိုပြန်လည်စုစည်းကာ အရှေ့တွင် သင်္ချာရှင်းပြနေသောဆရာမထံပို့ရန်ကြိုးစားလိုက်သည်။
*****
လမင်းထက်ပိုင် ဒီကျောင်းရဲ့Grade 9 Queen
စာတော်သလို...ရုပ်လည်းအလွန်ချောသည်။
အပြင်ပန်းအရမာနကြီးသလိုထင်ရသော်လည်း...စိတ်ထားကောင်းသည်။
ချမ်းသာတဲ့မိသားစုမှမွေးဖွားလာသူဖြစ်၍ အရာရာပြည့်စုံသောမိန်းမလှလေးတစ်ယောက်ဖြစ်သည်။
သူ့အားချစ်ခွင့်ပန်လာသူမြောက်မြားစွာရှိသော်လည်း တစ်ဦးတစ်ယောက်ကိုမှသူမလက်မခံခဲ့...။

YOU ARE READING
နှလုံးသားရေးတဲ့အချစ်ပန်းချီ
Romanceမင်းဆက်ပိုင်-ငါ့ရဲ့နှလုံးသားကို တစ်ခါလောက်ပဲဖြစ်ဖြစ် မင်းမြင်အောင်ကြည့်ပေးပါလား မိုးသောက်ယံ-ကျွန်တော် အကို့ကို အသက်ထက် ပိုချစ်တယ် ခေတ်သစ်သွေး-နှလုံးသားဆိုတာပြောင်းလဲတတ်လား [THE COVER IS THE PHOTO OF MY PRECIOUS OTP,KRISTSINGTO BUT THE FICTION IS...