Part 4

4K 212 7
                                    


နောက်တစ်နေ့

အောင်ခေတ်ပိုင် ခေတ်သစ်သွေးအား မနေ့ကဆုံးဖြတ်ချက်အားပြင်ပါစေ ၊ မေ့ပါစေဟု ကလေးကုလားဆုတောင်းနေမိသော်လည်း ကျောင်းစရောက်ကတည်းက''မိုးသောက်ယံရဲ့အခန်းကိုသွားမယ်''ဟုရည်မှန်းချက်ကြီးကြီးပြောလာသော ၊ ချစ်ခင်ရပါသောသူငယ်ချင်းသည် သူ့ဆန္ဒများကိုပြက်ရယ်ပြုခဲ့သည်။မနေ့ညကတည်းက ဟိုကောင်လေးအကြောင်းကို စုံစမ်းလာဟန်ရှိသည့်သူငယ်ချင်းသည် ထိုကောင်လေး၏အခန်းဟာ Grade 8 Class Bဖြစ်ကြောင်းကို သိနှင့်ပြီးဖြစ်သည်။တားလို့မရမှန်းသိနေ၍ အဆိုးဆုံးမဖြစ်ရန်သာသူမျှော်လင့်ရုံ...။

အလယ်ဆောင်တွင်ရှိသောGrade 8 Class Bသို့ရောက်သည်နှင့် ခေတ်သစ်သွေး အတန်းအားဝေ့ဝဲကြည့်ကြည့်ရာ ပြတင်းပေါက်ဘက်ရှိ နေရောင်ခြည်နုနုထိုးနေသောFirst Rollတတိယထိုင်ခုံမှာထိုင်ကာ အပြင်ဘက်ငေးနေသည့်နို့နှစ်ရောင်ကောင်လေးအားမြင်သော် တစ်ချက်ပြုံး၍အခန်းထဲသို့ဝင်သွားလိုက်သည်။သူ အခန်းထဲသို့ဝင်လိုက်သည်နှင့် ကောင်မလေးများရဲ့အော်သံများ ၊ ကောင်လေးများရဲ့တီးတိုးစကားသံများနှင့် မနာလိုသလို အားကျသလိုအကြည့်များကျွန်တော့ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာသည်။လူတွေကစိတ်ကြည်ရင်ပိုချောတယ်တဲ့။ကျွန်တော် ဒီနေ့တော်တော်လေးကိုစိတ်ကြည်နေတာဗျ။ဘာလို့လဲဆိုတော့ဒီနေ့ကျွန်တော့ရဲ့First Missionကို အကောင်အထည်ဖော်မှာမို့လို့လေ။

အခုနောက်ပိုင်းဒီအတိုင်းချထားမိတဲ့ရှေ့ဆံပင်ကိုလဲgel ဖြင့်အနောက်သို့လှန်တင်ထားသောကြောင့် သူ့ပုံစံသည် အနည်းငယ်ရင့်ကျက်သောလူတစ်ယောက်လိုဆိုသော်ငြား မျက်နှာကတော့ပကတိနုဖတ်နေဆဲ။ကျောင်းအင်္ကျီပေါ်တွင် တွဲဝတ်ထားသောကုတ်အပြာရောင်အပါးလေးကလည်းသူ့ရဲ့ချောမောမှုကို ပို၍အားဖြည့်ပေးနေသယောင်။

ကောင်လေးရာ သူများတွေငါ့ကိုသဘောကျသလိုမင်းလဲသဘောကျပေးရင် ကောင်းမှာပဲ...

---

ကျွန်တော် ခုံပေါ်တွင် ပထမအချိန်ဖြစ်သောသင်္ချာပုံနှိပ်စာအုပ်အားချကာ ဤကျောင်းသစ်အကြောင်းတွေးနေမိသည်။ မနေ့က ကျွန်တော်ကျောင်းစတက်ရမည်ဖြစ်သော်လည်း ကိုဆက်နှင့်ကစားကွင်းသွားခဲ့၍ ဒီနေ့မှကျောင်းတက်ဖြစ်ခြင်းပင်။ဒီကျောင်းမှာစာကိုကြိုးစား၍ သူငယ်ချင်းများသည်ထက်များအောင်ဖွဲ့မည်ဟုစဉ်းစားခဲ့သော်ငြား ကျွန်တော်ဟာကျောင်းစမတက်ခင်ကတည်းက ကျောင်းမှာဆယ်လီဖြစ်သွားခဲ့သည်။ကောင်းသောဖြစ်ခြင်းလို့တော့မထင်ပါနဲ့။
''သူတို့crushကိုစနိုက်ကြော်ပါသည်''ဟုတစ်ဖက်သတ်အပြစ်ဖို့နေကြသောအစ်မတော် ၊ ညီမတော်များဖြစ်နေလို့ပါ။ဆယ်ယောက်လောက်ဆိုရင်ကျွန်တော်ခံနိုင်ရည်ရှိပါတယ်ဗျာ။ခုကကျောင်းမှာရှိတဲ့မိန်းကလေးခြောက်ပုံတစ်ပုံလောက်ဗျ။

နှလုံးသားရေးတဲ့အချစ်ပန်းချီ حيث تعيش القصص. اكتشف الآن