"ရွှေရတုPrivate High School''
လူကုံထံသားသမီးများနှင့် အထူးချွန်ဆုံးကျောင်းသားကျောင်းသူများသာ တက်ရောက်နိုင်သောကျောင်းကြီးတစ်ကျောင်း။မြို့၏အလယ်ဗဟိုတွင်တည်ရှိသည့်အလျောက် မြို့ဂုဏ်ကျက်သရေဆောင်အရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။နိုင်ငံအတွက်လဲ နှစ်စဉ်နှစ်တိုင်း နိုင်ငံ့သားကောင်းများ အစဉ်မွေးထုတ်ပေးနေကာ အတော်တကာ့အတော်ဆုံးဆရာဆရာမများကိုသာသင်ကြားစေ၍ စာကြည့်တိုက် ၊ ဓာတ်ခွဲခန်း ၊ ရသခန်း ၊ နည်းပညာခန်းစသောပညာရေးအထောက်အကူပြုအခန်းများစွာလဲပါဝင်လေသည်။ထို့အတူကျောင်းသားကျောင်းသူများ အားလပ်ချိန်တွင်အပန်းဖြေနိုင်ရန်ဘောလုံးကွင်း ၊ ကြက်တောင်ရိုက်ကွင်း ၊ ဘတ်စကတ်ဘောကွင်းစသောကျန်းမာရေးအထောက်အကူပြုကစားကွင်းများနှင့်လည်း ပြည့်စုံလှသည်။
အလွန်စည်းကမ်းကြီး၍ကောင်းစွာကြပ်မတ်နိုင်သည်ဟုထင်ရှားသောထိုကျောင်းကြီးကို ကျောင်း၏အနောက်ဆောင်တွင် မီးတောက်ကဲ့သို့စူးရှသောမျက်လုံးများနှင့် တစ်ယောက်ကိုတစ်ယောက်ပြာကျမတတ်ကြည့်နေကြသော ကောင်လေးနှစ်သိုက်ကသွေဖယ်စေခဲ့သည်။
တစ်ယောက်ကိုတစ်ယောက်အကြည့်ချင်းပြိုင်နေကြပုံများသည် ကျောင်းဝတ်စုံများသာဝတ်မထားကြလျှင် လူမိုက်များအလား။ထိုကောင်လေးနှစ်သိုက်အနက် တစ်ဖွဲ့၏ခေါင်းဆောင်ဖြစ်ဟန်တူသောကောင်လေးသည် ကျောင်းအင်္ကျီအဖြူကို ကြယ်သီးအပြည့်တပ်ထားပြီး ပုဆိုးကိုမူ တင်းစွာဝတ်ဆင်ထားလေသည်။စူးရှသောမျက်လုံး ၊ ဖြောင့်စင်းသောနှာတံ ၊ သဘာဝV Shapeမျက်နှာလေးနှင့် အလွန်ကြည့်ကောင်းသော်လည်း ဘယ်ဘက်ပါးစောင်မှအညိုအမဲများသည် ထိုကောင်လေး၏မျက်နှာတွင် မလိုက်ဖက်စွာတည်ရှိနေလေသည်။ထို့အတူ တွန့်ချိုးနေသောမျက်ခုံးများသည်အလိုမကျမှု ၊ မကျေနပ်မှုများကိုဖော်ပြနေသည့်အလား...။ထိုအရာကို တစ်ဖက်အဖွဲ့၏ခေါင်းဆောင်ဖြစ်ဟန်တူသည့်ကောင်လေးက
"ဟားဟား ခေတ်သစ်သွေးတို့ကတော့ဒီနေ့တကယ့်ကိုmama boyလေးဖြစ်နေပါ့လားကွ''
ဟုလှောင်ပြုံးတစ်ခုနှင့်ရယ်မောကာပြောလိုက်သည်နှင့် သူ့အနောက်မှကောင်လေးများကလည်း လိုက်လှန်လှောင်ပြောင်ရယ်မောကြလေသည်။
CZYTASZ
နှလုံးသားရေးတဲ့အချစ်ပန်းချီ
Romansမင်းဆက်ပိုင်-ငါ့ရဲ့နှလုံးသားကို တစ်ခါလောက်ပဲဖြစ်ဖြစ် မင်းမြင်အောင်ကြည့်ပေးပါလား မိုးသောက်ယံ-ကျွန်တော် အကို့ကို အသက်ထက် ပိုချစ်တယ် ခေတ်သစ်သွေး-နှလုံးသားဆိုတာပြောင်းလဲတတ်လား [THE COVER IS THE PHOTO OF MY PRECIOUS OTP,KRISTSINGTO BUT THE FICTION IS...