"အဖေ ကျွန်တော်တို့သတင်းစာမှာ ''နှလုံးအလှူရှင်လိုအပ်သည်''ဆိုပြီးသတင်းထည့်ရင်မကောင်းဘူးလား''
ကျွန်တော်အဆိုပြုလိုက်တော့ အဖေမှခေါင်းတစ်ဆက်ဆက်ညိတ်ကာ
"အဖေလဲအဲ့တာကိုစဉ်းစားနေတာ ကောင်းသားပဲ...သား ဦးကောင်းကို အဖေ လုပ်ခိုင်းလိုက်မယ်လေ...''
အဖေမှ သူ့secretaryဦးလေးကောင်းမင်းထက်ကို ဖုန်းဆက်ပြောသည်။ သူတို့ဟာ ယခု ဆေးရုံရဲ့canteenတွင် ရှိနေကြတာဖြစ်သည်။
ခေတ် အဆင်ရောပြေနေပါ့မလား...
အခုထိငိုနေဦးမလား...
ဟာ...စိတ်ပူရမဲ့သူကိုမပူဘဲ ငါဘာတွေတွေးနေပါလိမ့်။ဒီလိုအချိန်မျိုးတွင် မင်းဆက်ပိုင် ကိုယ့်ကိုယ်ကိုမုန်းမိသည်။ဆေးရုံတွင် နာကျင်မှုများနှင့်လဲလျောင်းနေရသောညီလေးထက် ဝမ်းနည်းစွာငိုနေလောက်သောချစ်ရသူအား ပို၍စိတ်ပူနေ၍ပင်...။
တောက် မင်းဆက်ပိုင်...မင်း လူမဆန်လိုက်တာကွာ...
ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ကျိန်ဆဲမိလိုက်သည်။
အဖေဖုန်းပြောပြီးတဲ့အခါ သူတို့ ဆေးရုံခန်းစီပြန်လျှောက်လာကြတော့ ခုတင်ပေါ်တွင် လဲလျောင်းနေသောယံ့အားဖက်ကာ ငိုနေသောအန်တီနှင်းနှင့် မျက်နှာတွင် မျက်ရည်ကြောင်းများရှိနေသော်ငြား အန်တီနှင်းအားစိတ်ထိန်းရန်ပြောနေသောဦးလေးကျော်ကို ရင်နာဖွယ်တွေ့ရသည်။
ခေတ်ကတော့ ခေါင်းငုံ့၍ငိုမြဲငိုနေပြီး ကြောက်၍လား ၊ အားနာ၍လားမသိ လက်ကလေးများတုန်နေလေသည်။
ဒီတစ်ခါတော့ ကျွန်တော့နှလုံးသားက ခေတ်ကိုနှစ်သိမ့်ပေးဖို့ထက် အန်တီနှင်းကိုနှစ်သိမ့်ပေးဖို့ရွေးချယ်ခဲ့သည်။
ကျွန်တော် အန်တီနှင်းအနားကိုသွားကာ
"အန်တီနှင်း...''
လို့မတိုးမကျယ်ခေါ်လိုက်ရာ အန်တီနှင်းမှလှည့်ကြည့်လာ၍ ကျွန်တော့လက်နှစ်ဖက်အားကိုင်၍ ရင်နာစွာမေးလေသည်။"သားဆက်ရယ်... ဘယ်လိုဖြစ်ရတာလဲ အန်တီနှင်းသားလေးက ခုတလောပျော်နေတာလေ... သူအရမ်းပျော်နေခဲ့တာ... သူ ခုတလော တကယ့်ကိုပျော်ရွှင်နေခဲ့တာပါ...
အဲ့ အဲ့ဒါကို...''

أنت تقرأ
နှလုံးသားရေးတဲ့အချစ်ပန်းချီ
عاطفيةမင်းဆက်ပိုင်-ငါ့ရဲ့နှလုံးသားကို တစ်ခါလောက်ပဲဖြစ်ဖြစ် မင်းမြင်အောင်ကြည့်ပေးပါလား မိုးသောက်ယံ-ကျွန်တော် အကို့ကို အသက်ထက် ပိုချစ်တယ် ခေတ်သစ်သွေး-နှလုံးသားဆိုတာပြောင်းလဲတတ်လား [THE COVER IS THE PHOTO OF MY PRECIOUS OTP,KRISTSINGTO BUT THE FICTION IS...