''ဆယ်ဟွန်းကို. . .ကျောင်း မတတ်ခိုင်းလို့တော့မဖြစ်ဘူး
သမီး. . .ကိုယ့်အိမ်ထဲမှာ ကိုယ်ဘယ်လိုပဲနေ
နေ. . .အကြောင်းမဟုတ်ဘူး. . .အပြင်မှာတော့
တင့်တင့်တယ်တယ် ထားရမှာပဲ''''လူကြားကောင်းအောင် ပြောစရာတွေအများ
ကြီးပါ ommaရာ. . .omma အဲဒီလို ဟိုကြောက်ဒီကြောက်နဲ့ ရှောင်လွန်းလို့ ဒီ
အကောင် ခုလိုကျောင်းတတ်ဖို့ထိဖြစ်လာတာ
ဒီလို ခပ်ထုံထုံ ခပ်အအ ယောကျာ်းတယောက်
ကို ထူလို့ အလို့ စာသင်ပေးလို့မရလို့ အကြောင်းပြစရာတွေမှအများကြီးပါ''''ပြောသလောက် လွယ်မလားအေ. . .သူ့အဒေါ်
မုဆိုးမက ကျောင်းဆရာမ. . .သူ့တူ ပညာရေး
ဘယ်လိုဆိုတာ သိနေတဲ့ဟာ''''အဲ့တယောက်က. . .ဦးလေးနဲ့စပ်မှတော်တာပါ
အခုမုဆိုးမ. . . ဖြစ်သွားပြီ ဘာမှမဆိုင်တော့ဘူး''''သွေးမဆိုင်ပေမဲ့. . .ပါးစပ်က ဆိုင်သေးတယ်
နေကြတာ အလှမ်းကွာပေမဲ့. . .ဒီအိမ် ဒီခြံ လုပ်
ငန်းအားလုံးက တို့နဲ့ ဘာမှမဆိုင်ဘူးဆိုတာ
ပြောမဲ့သူတယောက်ရှိနေတဲ့အတွက်. . .ဆင်ခြင်သင့်တာကိုဆင်ခြင်ရမှာပဲ''''ဘာလုပ်ငန်းလဲ ommaရာ. . .ဘာတွေများကြီး
ကြီးကျယ်ကျယ်ရှိလို့လဲ''''အဒီကောင်ကို. . .ကျောင်းထားပေးရတာနဲ့
တင့်တယ်စေချင်ရတာနဲ့. . .ကျောင်းမှာ နားပွင့်
မျက်စိပွင့်ဖြစ်သွားရင်. . .အဒီကောင်ကိုဘယ်
လိုထိန်းမလဲ. . .''သမီးနှစ်ယောက်စလုံးတစ်ယောက်ပြီးတ
ယောက်ဝင်လာပြီးဒီစကားတွေချည်းပြောနေတာမို့ ကြီးမေ စိတ်မရှည်ဖြစ်လာသည်။''ငါတို့ကိုမျက်မွှေးတောင်. . .ကြည့်ရဲခဲ့လို့လား
ကျောင်းမှာလည်းအဒီပုံစံအတိုင်းပဲ. . .ဆက်လုပ်သွားရုံပေါ့. . .ညည်းတို့ရှိတာပဲ. . .''''ရှိပေမဲ့. . .ကျောင်းမှာ သူငယ်ချင်းကောင်း ရသွားရင်. . .ဘလိုလုပ်မလဲ. . .''
''ဘာ သူငယ်ချင်းမှ ရခွင့်မပေးဘူး. . .ကျောင်း
နဲ့အိမ်ပဲ. . .အိမ်နဲ့ကျောင်းပဲ. . .''မီရာကနှုတ်ခမ်းမဲ့လိုက်ကာ သီချင်းနားထောင်
နေတဲ့နားကျပ်ကိုဆွဲဖြုတ်လိုက်ပြီးး