classပြီးသွားသည်နှင့် ဆတ်ခနဲ ထရပ်လိုက်သည့် ဆယ်ဟွန်းလက်ကို
ဘတ်ခ်ဟွန်းက ဆုပ်ဆွဲထားလိုက်သည်။''ဘယ်ကိုပြေးဦးမလို့လဲ. . .မင်းကို ငါလုံးဝ
မကျေနပ်ဘူး. . .အဒါ မင်း ရှင်းမှဖြစ်မယ်""ဘာလဲ ဘတ်ခ်ဟွန်းရာ. . .ငါ သွားပါရစေ"
ဘတ်ခ်ဟွန်းက လွှတ်မပေးဘဲ ဆွဲထားလျက်
နှင့် အတူထွက်လာသဖြင့် ဆယ်ဟွန်း မျက်လုံး
လေးပြူးကာ ကြောက်စိတ်ဖြင့် လက်ဖျားလေး
တွေပင် အေးစက်လာသည်။''ဆယ်ဟွန်း. . .မင်း ငါ့ကို ဘာဖြစ်လို့ ရှောင်
နေတာလဲ. . .ကျောင်းသားတွေရှေ့မှာ
ဘာဖြစ်လို့ အရှက်ခွဲတာလဲ. . .ငါက
မင်းကို. . .စတွေ့ကတည်းက အခင်မင်ဆုံး
သူငယ်ချင်းလို့သတ်မှတ်ခဲ့တာ. . .''''ငါ. . .ငါက''
''အင်း. . .ပြော. . .ပြောပါ ငါကျေနပ်အောင်သာ
ပြောနော်. . .မဟုတ်ရင် တစ်သက်လုံး မုန်းပစ်
လိုက်မယ် သိလား. . .ရင်ထဲမှာ ဒေါသက
တစ်ပြုံတစ်မကြီး ဖြစ်နေတာ''''မုန်းလိုက်ပါ ဘတ်ခ်ဟွန်းရယ်. . .ငါ့ကို မခင်
ပါနဲ့နော်. . .ငါကခင်စရာမကောင်းတဲ့ ကောင်ပါ''ဆယ်ဟွန်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရှာဖွေရင်း ဘတ်ခ်ဟွန်းလက်ထဲက
ရုန်းသည်။ဆယ်ဟွန်းပုံစံကို ဘတ်ခ်ဟွန်း
ရိပ်မိသွားကာ ဘေးကိုဝေ့ကြည့်လိုက်ပြီး. . .''ဘာလဲ. . .ငါနဲ့မခင်ရဘူးလို့ တစ်စုံတစ်ယောက်
ကတားမြစ်ထားလို့လား''ဆယ်ဟွန်း ဆတ်ခနဲ တုန်ခါသွားပုံက
ဘတ်ခ်ဟွန်းမေးလိုက်တာကိုဝန်ခံလိုက်တဲ့
အတိုင်း. . .''အဒါ. . .ဘာဖြစ်လို့လဲ ငါကဘာဖြစ်နေလို့လဲ
ပြောစမ်းပါ''''ဟင်. . .''
ဆယ်ဟွန်း တစ်နေရာကို လှမ်းကြည့်ကာ
သူ့လက်ကို ဆတ်ခနဲ ဖြုတ်ချ၍ ပြေးထွက်
သွားလေသည်။ကျောင့်းသားတွေ ကြားထဲမှ ဘတ်ခ်ဟွန်း
လှစ်ခနဲ မြင်လိုက်သည့် မျက်နှာ နှစ်ခုကို
မှတ်မိလိုက်ပါသည်။ဟိုနေ့က နှစ်ယောက်ပါ
ပဲ။ထိုသူတို့ကို ဘတ်ခ်ဟွန်း မသိပါ။ဆယ်ဟွန်း
ကိုလည်း သိကျွမ်းထားခဲ့သည် မဟုတ်ပါ။
ဒါဆို ဆယ်ဟွန်းက သူ့ကို ဘာဖြစ်လို့
မခေါ်ချင်တာလဲ။