''သူဌေးကင်က... သူ့တူကို ဂရုမစိုက်ဘူးလား''
''သိသလောက်တော......့ မဆိုင်သလို နေတာ
ကောင်လေးကိုတော့ ......ထင်တိုင်းနှိပ်စက်
နေကြတာပဲ ...တစ်ခါတလေများဆို
အမဲဖျက်သလိုပါပဲကွယ်......ကောင်လေးကို
သားအမိတစ်တွေ...... ဝိုင်းရိုက်ကြတာ
သတိတောင်လစ်ခဲ့ရှာတယ်''ချန်းယောလ် မျက်ခုံးတစ်ချက် တွန့်ကနဲ
ဖြစ်သွားသည်။စီးကရက်ကို ပြာခွက်ထဲမှာ
ထိုးချေပစ်လိုက်ပြီး။''သူက...... ဘာမှ မတုံ့ပြန်ဘူးလား''
''ဘယ်တုံ့ပြန်ရဲပါ့မလဲ ......သူငယ်ငယ်ကတည်းက
အနိုင်ကျင့်လာကြတဲ့ဟာ ...ငယ်ကြောက်ပေါ့''ချန်းယောလ် နေရာမှထကာ ပြတင်းပေါက်နား
လျှောက်သွားပြီး။''ဂယောင်းဆူ''
"naee master''
ပြတင်းပေါက်နားရောက်ကာမှ ချာကနဲ
ပြန်လှည့်၍။''မင်း အဒီလိုခေါ်တာ...... ပြင်တော့
ကာလံဒေသံဆိုတာ ရှိတယ်''''အကျင့်ပါနေလို့ပါ ......master
နောက်ပြင်ပါ့မယ်''အဒီတော့မှ မျက်နှာတည်တည်နှင့်
ပြန်၍ ကျောခိုင်းကာ။မဖြစ်ဘူးဆိုတာ မရှိစေရ။မရနိုင်ဘူးဆိုသည့်
စကားလုံး ဘယ်တော့မှမသုံး။ထိုသို့
ပြည့်စုံစေသော အရာကို ချန်းယောလ်
ဖန်ဆင်းနိုင်စွမ်းရှိသည်။ခုလည်း
ဆယ်ဟွန်းဆိုသော ကောင်လေးကို
သူစိတ်ဝင်စားခဲ့မိသည်။ထိုကောင်လေးနဲ့
ပတ်သက်၍ သူသိချင်သည်။
ဂယောင်းဆူလည်း တတ်နိုင်သမျှ
အနီးစပ်ဆုံး ဆောင်ရွက်ပေးခဲ့သည်။ခဏအျကာ သူ့ကုတ္အက်ီၤထဲက
ဖုန်းလေးထုတ်ယူ၍ နံပါတ်တစ်ခုကို
ခေါ်လိုက်သည်။တစ်ဖက်က ထူးသံကြားရမှ
ချန်းယောလ်ပြုံးလိုက်ပြီး။''သူဌေးကင် ......ကျွန်တော်ပါ''
ဟင်?
''မင်းနက်...... ငါ့ကြား ဘာရှိသေးလို့လဲ''
''ရှိသေးတယ် ......ခင်ဗျားအကျိုးရှိမယ့်
ကိစ္စဆိုပါတော့...... စိတ်ဝင်စားရင်
ခုချက်ချင်းလာခဲ့ပါ''