အပိုင်း၁၁🌷🌷

1.3K 153 18
                                    

''သဘောကျရဲ့လား''

အခန်းတံခါး ဖွင့်လိုက်ကတည်းက
သူ အံ့သြမှုတို့ ဖြစ်သွားခဲ့တာ။
အခန်းထဲမှာ ဖဲမွေ့ယာ၊ခေါင်းအုံး
အခန်းဆီးကအစ တောက်ပြောင်နေသည်။
ဘေးမှာ ကော်စမတ်တစ် အပြည့်အစုံနှင့်
လွန်စွာ ခေတ်မှီသော သုံးမျက်နှာ
မှန်တင်ခှံတလုံးရှိသည်။မှန်တွေကို
ဖြူလွှသော ဇာဖြူပါးပါးလေး
အုပ်ထားပြီး အရွယ်တူ ဗီရိုနှစ်လုံးနား
ကပ်ထားလျက်။

''ကိုယ်တို့ မင်္ဂလာအခန်း ပြင်ဆင်ထားတဲ့
အထဲမှာ ပစ္စည်းဟောင်း ဘာမှ
ပြန်မသုံးထားဘူး တကယ်ဆို
ကိုယ်က အနီရောင်ပဲ ကြိုက်တာ
လူတွေပြောမှာကိုတော့
ဂရုမစိုက်ပါဘူး ဒါပေမယ့်
မင်း စိတ်ကသိကအောက်
ဖြစ်နေမလားလို့ အဖြူရောင်ကိုပဲ
သုံးလိုက်တာ ပန်းရောင်တွေ
ဘာတွေတော့ ကိုယ်မကြိုက်ဘူး
ခွန်အားမဲ့ပေမယ့် အဖြူရောင်က
ဖြူစင်တယ် ပန်းရောင်မှာမာယာရှိတယ်
ကိုယ်မကြိုက်တာ အဒါပဲ''

သူ စကားတွေ အများကြီးပြောပြီး
မှန်တင်ခုံပေါ်တွင် အုပ်ထားသော
ဇာပုဝါတွေကို ဆွဲဖယ်ပစ်လိုက်သည်။

''မှန်တွေ ကြည့်ကောင်းရဲ့လား
လာ ကြည့်ပါဦး''

အနီကွက်ပါသော ရှပ်အကျီလေးနဲ့
ဂျင်းဖျော့ဖျော့လေး တွဲဝတ်ထားသည့်
ဆယ်ဟွန်း ကိုယ်လုံးလေးက
မှန်ရှေ့မှာ ရပ်လိုက်တော့
တစ်ကိုယ်လုံး ထင်းရှင်းနေသည်။

သူက ကျွန်တော့်တကိုယ်လုံးကို
ကြည့်၍ တခုခု ပြောလာမည်
အထင်နှင့် စောင်းကြည့်နေသည်။
ကျွန်တော်က နောက်ပြန်ဆုတ်လိုက်ကာ
ဟိုဟို ဒီဒီ လိုက်ကြည့်နေသဖြင့်

''ကြည့်လေ သဘောမကျတာရှိရင်ပြော''

''မရှိပါဘူး''ဟု စိတ်ထဲရှိတဲ့အတိုင်း
ပြောလိုက်မိသည်။သူ့နေရာ
သူ့ဝန်းထဲ ရောက်ကတည်းက
သူ ဖြည့်ဆည်းပေးသမျှဟာ
ကျွန်တော့် သဘောကျတွေချည်း
ဖြစ်နေတာ တိုက်ဆိုင်စွာ
အကြိုက်တူနေတာ ဖြစ်နိုင်သည်။
ယခု မင်္ဂလာခန်း ပြင်တဲ့အထိ
သူပဲ ဦးဆောငိခဲ့သည်ပင်။

''လက်ထက်ပွဲကို နာမည်ကြီး
ဟိုတယ်တွေ ဘာတွေမှာ
မလုပ်ပေးနိုင်တဲ့အတွက်
စိတ်မကောင်းပါဘူး
ရှန်ဟိုင်းကို ခရီးထွက်ရဖို့ရှိတယ်
သုံးနိုင်ငံ ဒါရိုက်တာတွေနကါ
ဆွေးနွေးပွဲတက်ရမယ်''

🌷🌷ချစ်သူသာကိုယ့်ဘဝရဲ့ အမိန့်ရှင်🌷🌷Kde žijí příběhy. Začni objevovat