''ငါ ဘယ်ကို ...ရောက်နေတာလဲ''
သူလဲလျောင်းနေသညါ့ အိပ်ရာကို
ဆုပ်ကိုင်ကြည့်ရင်း တအံ့တသြနှင့်
ဖဲမွေ့ယာပေါ်မှ အသာထလိုက်သည်။''ဟင်''
အပြင်ကနေ သော့ပိတ်ထားတာမို့
အခန်းတံခါးကို ဖွင့်မရပေ။ညက
သူ ကားတစီးရဲ့ နောက်ခန်းထဲ
ဝင်ခဲ့သည်။ထိုနောက်ပိုင်း
ဘာဖြစ်ခဲ့မှန်း စဉ်းစားမရတော့ပေ။
ထိုစဉ် ချောက်ကနဲ တံခါး
ဖွင့်လိုက်သူကြောင့် ဆယ်ဟွန်း
ခြေတလှမ်း ဆုတ်သွားမိသည်။''ခင်ဗျား''
ဆင်တူရိုးမှား ဖြစ်နိုင်ဖွယ် သိပ်မရှိသော
ထိုပုံသဏ္ဍာန် ထိုမျက်နှာကို
ဆယ်ဟွန်း ချက်ချင်း မှတ်မိသည်။''မင်း... ကိုယ့်ကားပေါ်ရောက်နေခဲ့တာ
သတိလစ်နေလို့ ...ဆရာဝန်တောင်
ပင့်ပေးခဲ့ရသေး''''သတိလစ်တယ် ...ဟုတ်လား''
''ဟုတ်တယ်...ဘာဖြစ်ခဲ့တာလဲ
ပြောပြနိုင်မလား''''ကျွန်တော်''
''ဟိတ် ...ဘာကြည့်နေတာလဲ ပြောလေ''
ဆယ်ဟွန်း သူ့မျက်နှာကို လှမ်းငေးကာ
မျက်ရည်တွေ ဝေ့ဝိုက် စိုစွတ်လာသည်မို့
မျက်လွှာချပစ်ကာ''ကျွန်တော် ...ဘာပြောရမှန်းမသိလို့''
မျက်နှာမမော့ဘဲ ခေါင်းညိမ့်လိုက်စဉ်
မျက်ရည်စက်တို့ ဖိတ်စင်ကျသွားသည်ကို
ချန်းယောလ်မြင်လိုက်ပါသည်။''ဟိုလေ...ကျွန်တော် ကျေးဇူးတင်ပါတယိ''
''ဟင်''
''ကျွန်တော့်ကို ကောင်းကောင်းမွန်မွန်
လက်ခံပေးထားလို့ပါ ခု ကျွန်တော်လဲ
နေကောင်းပြီဆိုတော့ အဆောင်တခုမှာ
အပ်ပေးပါ''''ဘယ်လို''
ချန်းယောလ် မျက်ခုံးပင့်ရင်း ဆယ်ဟွန်း
ခါးလေးကို ဆွဲဖက်လိုက်သည်။''တလွဲတော့ မထင်နက်...အိုဆယ်ဟွန်းရှီ
မင်းကို ...အဆောင်ပို့မပေးနိုင်ဘူး''''ဘာဖြစ်လို့လဲ''
''မင်းကို လက်ထပ်ဖို့ ...ကင်သူဌေးဆီမှာ
ကိုယ်ခွင့်တောင်းပြီးပြီ... အဒါ
မင်းသိပြီးပြီဖြစ်စေ...မသိသေးဘူး
ဖြစ်စေ... ကိုယ့်စိတ်က သေချာပြီးသားမို့
ပြောင်းလဲမှာမဟုတ်ဘူး ...အခု
မင်းကို ...ကိုယ့်လက်ထဲကို
တည့်တည့်ကြီး ...တိုးဝင်လာပြီးမှ
တခြားကို ...ကိုယ်ပို့ပစ်ဖို့
လိုသေးလို့လား''