''ဟယ်. . .ကင်း. . .ကင်း''
''ဘယ်မှာလဲ. . .ဘယ်မှာလဲ''
''အားးး''
လန့်ဖျတ်ထကြ ခုန်ကြနှင့် ရုတ်ရုတ်သဲသဲလေး
ဖြစ်သွားပြီး ခိုးခိုးခစ်ခစ် ရယ်သံတွေ ထွက်လာ
ကြသည်။''ဘာဖြစ်ကြတာလဲကွယ်. . .ဒီက ဟိုကင်းကို
ပြောတာ. . .(king)လေ''''အဲ. . .ကင်းက ကယ်မီကယ်ကို ရောက်လာပါ့
လား. . .ဘယ်သူ့ကိုလဲ မသိဘူး''''ငါမဟုတ်တာတော့. . .သေချာတယ်ဟ''
''ခစ်. . .ခစ်''
အတန်းထဲကောင်မလေးတသိုက်ရဲ့ဆူညံပူညံ
သံတွေကြောင့် ဘတ်ခ်ဟွန်း ခေါင်းထောင်ကြည့်လိုက်သည်။''ကိုကို . . .တို့ပါလား''
''ညီတို့. . .မုန့်ထွက်မစားကြဘူးလား''
''စားချင်တာပေါ့. . .ဆယ်ဟွန်းကို ခေါ်မရလို့''
ရီဖန်မှာညီဖြစ်သူကိုပဲမျက်နှာပူပူနှင့် ခိုင်းရတော့
သည်။''အဲဒီ. . .တယောက်ကိုခေါ်ထုတ်ခဲ့စမ်းပါ. . .
ကန်တင်းကနေ စောင့်နေမယ်''''အင်း. . .''
အတန်းထဲ ပြန်ဝင်လာတော့ ဘတ်ခ်ဟွန်း
ဘယ်ထွက်သွားလဲ မော့ကြည့်ဖော်တောင်မရ
သောဆယ်ဟွန်းက စာရေးမပျက်။''ဆယ်ဟွန်း''
''ဟင်''
''ဗိုက်ဆာတယ်ကွာ. . .တခုခုသွားစားရအောင်''
''တခြားသူတွေကို. . .ခေါ်သွားပါ့လား
ဘတ်ခ်ဟွန်းရယ်. . .ငါ မလိုက်ချင်လို့ပါ''''တခြားသူတွေနက်. . .မသွားချင်လို့ပေါ့
မင်းကလေ. . .ငါခင်သလို မခင်ဘူး''''ခင်ပါတယ်ကွာ''
''မညာစမ်းပါနက်. . .ငါ့အတွက်ဆို ဘာများ
ဂရုစိုက်ပေးခဲ့ဖူးလို့လဲ''ဆယ်ဟွန်းခမျာ ဘောပင်လေးကိုင်လျက်
သားနက်မော့ကြည့်ကာ. . .''ဟိုလေ. . .ငါက''
''လာပါ. . .ထစမ်းပါ. . .မဟုတ်ရင် ငါစိတ်ဆိုး
ပလိုက်မှာ''ဘတ်ခ်ဟွန်းစိတ်ဆိုးမှာဆိုး၍သာ ဆယ်ဟွန်း
အနောက်ကနေ ခပ်ကုပ်ကုပ် လိုက်လာခဲ့သည်။